အီးဇီ အသေးစားငွေကြေးလုပ်ငန်းရဲ့ ၂၁ ခုမြောက်ရုံးခွဲကို ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်တွင်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ ဒီဒေါပုံရုံးခွဲမှာဆိုရင် ဒေါပုံ၊ တာမွေ နှင့် သာကေတ မြို့နယ်တို့ရဲ့ ငွေကြေးဝန်ဆောင်မှုတွေကို တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
အရင်ကတော့ ဒီသုံးမြို့နယ်ကို သင်္ဃန်းကျွန်းရုံးခွဲကနေ ဝန်ဆောင်မှုပေးနေရာ၊ အသင်းသားဦးရေများလာသဖြင့် နေရာအခက်ခဲ နဲ့ အချိန်ကျန့်ကြာမှုများရှိလာသည့်အတွက် အီဇီးအသင်းသားများအား အချိန်ကုန်လူပင်ပန်းသက်သာစေရန် ရည်ရွယ်ပြီး ဒေါပုံရုံးခွဲကိုဖွင့်လှစ်ပြီး လွဲပြောင်းယူစေခဲ့ခြင်းဖြစ်ပါသည်။

ဒေါပုံရုံးခွဲ မန်နေဂျာ ကိုလှိုင်ကိုကိုဦးသည် အီးဇီ အသေးစားငွေကြေးလုပ်ငန်း တည်ထောင်စဉ် အချိန်တည်းက အီးဇီးနဲ့ အတူရှိနေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
သူ့ရဲ့ပြောပြချက်အရ ” အီးဇီ အသေးစားငွေကြေးလုပ်ငန်းမှာ ၂၀၁၆ အောက်တိုဘာလက စပြီး ချေးငွေအရာရှိအဖြစ် သင်္ဃန်းကျွန်းရုံးခွဲဖြစ်တဲ့ အီးဇီးရဲ့ ပထမဆုံးရုံးခွဲမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ သိပ်မကြာပါဘူး၊ တစ်နှစ်လောက်နေတော့ ကြီးတန်းချေးငွေအရာရှိ အဖြစ်ရာထူးတိုးသွားတယ်။ အဲ၂၀၁၇ အောက်တိုဘာမှာတော့ ချေးငွေကြီကြပ်ရေးမှုးအဖြစ် ထပ်ရာထူးတိုးသွားတယ်ပေါ့။ ဒါကလည်း အီးဇီးရဲ့ ဝန်ထမ်းတွေအပေါ် ထားရှိတဲ့ စေတနာ နဲ့ အခွင့်ရေးပေးမှုကြောင့်ပါပဲ။ ၂၀၁၉ ဇန်နဝါရီ မှာတော့ သင်္ဃန်းကျွန်းရုံးခွဲရဲ့ မန်နေဂျာတစ်ဦး ဖြစ်လာခဲ့ပြီး အခုတော့ အရမ်းလှပတဲ့ ဒေါပုံရုံးခွဲရဲ့ မန်နေဂျာဖြစ် ဝန်ထမ်း ၂၅ ယောက်နဲ့ အတူ အသင်းသားတွေကို ဝန်ဆောင်မှုပေးဖို့ အဆင့်သင့်ဖြစ်နေပါပြီ”

အီးဇီ အသေးစားငွေကြေးလုပ်ငန်းရဲ့ ဒေါပုံရုံးခွဲဟာ အမှတ်၊ ၂/၁၇၊ မင်းနန္ဒါလမ်း၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်တွင် တည်ရှိနေပြီး အီးဇီးရဲ့ အသင်းသား ၅၀၀၀ ကျော်အတွက် ငွေချေးငွေထုတ် နဲ့ အခြားငွေကြေးဝန်ဆောင်မှုတွေပေးနေပြီ ဖြစ်ပါယ်။
အီးဇီးငွေရေးကြေးရေးလုပ်ငန်းရဲ့ ဝန်ဆောင်မှု၊ ရုံးခွဲတည်နေရာများ နဲ့ လုပ်အကိုင်အခွင့်ရေးများကို သိရှိလိုလျှင် အီးဇီး website (www.easy.com.mm) နဲ့ အီးဇီး Facebook page (https://www.facebook.com/easymicrofinance) တို့တွင်ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.