အလုပ်အကိုင်အခွင့်အလမ်းများ
အီးဇီးအသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၏ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍမှ ကြိုဆိုပါသည်။
အီးဇီးအသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းခွင်
အီးဇီးအသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် သွက်လက်တက်ကြွပြီး ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို စိတ်ဝင်စားသော မြန်မာလူငယ်များအား စိတ်လှုပ်ရှားဖွယ် အလုပ်အကိုင်အခွင့်အလမ်းများ ပေးလျက်ရှိပါသည်။
အီးဇီးအသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် စဉ်ဆက်မပျက်တိုးတက်နေသည့်အလျောက် အလုပ်အကိုင်အခွင့်အလမ်းအသစ်များကို ဤဝက်ဘ်ဆိုက်နှင့် Easy Microfinance facebook တို့တွင် ကြေငြာပေးသွားမည်ဖြစ်သောကြောင့် followလုပ်၍ လျှောက်ထားနိုင်ပါသည်။
ဘယ်လိုဝန်ထမ်းမျိုးကို ကျွန်ုပ်တို့ရှာဖွေနေသလဲ
သင်ယူလိုစိတ်ရှိပြီးကိန်းဂဏန်းသခၤ်ာ ကိုပိုင်နိင်သူ၊ ဒီဂျစ်တယ်နည်းပညာအား ကောင်းစွာအသုံးပြုနိုင်သူ၊ သွက်လက်တက်ကြွပြီး ရလဒ်ဦးစားပေးသူ၊ အထူးသဖြင့်အသေးစားစီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်ဆံဆက်သွယ်ရန်စိတ်ဝင်စားသူများကို အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့်အတူတကွ လက်တွဲရန် ကြိုဆိုလျက်ရှိပါသည်။
ကျွန်ုပ်တို့ဘက်မှဘာတွေကို ဆောင်ရွက်ပေးနိုင်မလဲ
စိတ်လှုပ်ရှားပျော်ရွှင်စေမည့် လုပ်ငန်းခွင်၊ ရုံးတွင်းလေ့ကျင့်သင်ကြားမှုများ၊ သာလွန်ကောင်းမွန်တဲ့လစာအစရှိသဖြင့် သင့်အတွက် တိုးတက်စေမည့်အခွင့်အရေးများစွာကို ကျွန်ုပ်တို့ဘက်မှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အီးဇီးအသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် ဝန်ထမ်းများအား လူမျိုးရေး၊ ဘာသာရေး ၊ကျား/မ စသည့် ခွဲခြားဆက်ဆံမှုမျိုးမရှိဘဲ လစာနှင့်အခွင့်အရေးများကို တူညီမျှတအောင်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
အီးဇီးအသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွင် လျှောက်ထားနိုင်သော ရာထူးများ
Credit Officer (ချေးငွေအရာရှိ)
ချေးငွေအရာရှိတစ်ယောက်အနေဖြင့် သင်သည် အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း၏ ကိုယ်စားပြု တစ်ဦးအနေဖြင့်ဆောင်ရွက်ရမည် ဖြစ်ပြီး ချေးငွေရယူလိုသူများအားရှာဖွေခြင်း၊ ချေးငွေရယူသူများကို အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုများအကြောင်းရှင်းပြခြင်း၊ ဝန်ဆောင်မှုရယူလိုသူများ၏ အချက်အလက်များအား tablet အသုံးပြု၍သိမ်းဆည်းခြင်း၊ သုံးသပ်ခြင်း ၊ ချေးငွေရယူရန် အကြံပြုစာ ပြင်ဆင်ပေးခြင်းများကို ပြုလုပ်ပေးရမည် ဖြစ်ပါသည်။ထို့အပြင် သင်အကြံပြုထားသော ချေးငွေလျှောက်လွှာများထဲမှ အတည်ပြုသောချေးငွေနှင့် ချေးငွေများအားသင့်မှတ်တမ်းထဲတွင် ပြုစုထားရမည်ဖြစ်ပြီး သင့်ထံမှတဆင့် ချေးငွေရယူသူများ ချေးငွေအချိန်မှီပေးဆပ်ရန် တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
Client Advisor (အကြံပေးအရာရှိ)
အကြံပေးအရာရှိအဖြစ် ကျွန်ုပ်တို့ရုံးခွဲများမှ တစ်ခုတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ရုံးသို့လာရောက် မေးမြန်းသော မေးခွန်းများအား ဖြေကြားပေးခြင်း၊ ချေးငွေလျှောက်လွှာများအား လက်ခံပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ထို့အပြင် ချေးငွေပေးချေရေးအဖွဲ့မှ မဆုံးဖြတ်ခင် ချေးငွေအရာရှိ၏ လုပ်ဆောင်ချက်များအား ပြန်လည်စစ်ဆေးပေးခြင်း၊ ငွေထုတ်ချေးပေးခြင်းမပြုခင် ဥပဒေရေးရာ သဘောတူညီချက်အား ပြင်ဆင်ထားပေးခြင်း၊ အသင်းသားများအား စာချုပ်ချုပ်ဆိုရန် ချိန်းဆိုပေးခြင်း ၊ စာချုပ်အကြောင်းရှင်းပြပေးခြင်းများကိုလည်း ဆောင်ရွက်ပေးရပါမည်။
Cashier (ငွေကိုင်စာရေး)
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း၏ ငွေကိုင်စာရေးတစ်ဦးအနေဖြင့် ချေးငွေထုတ်ယူမှုများနှင့် ပြန်လည်ပေးချေငွေအား လက်ခံခြင်း အစရှိသော လုပ်ဆောင်ချက်များကို ကျွနု်ပ်တို့၏ ဘဏ်ဆော့ဖ်ဝဲလ်တွင် သိမ်းဆည်းထားရမည်ဖြစ်သည်။ လူမှုဆက်ဆံရေးကောင်းမွန်ပြီး စေ့စပ်သေချာ၍ ပင်ပန်းမှုဒဏ် ခံနိုင်ရည်ရှိသူများကို အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း၏ ငွေကိုင်တစ်ဦးအနေဖြင့် ကြိုဆိုလျက်ရှိပါသည်။
အလုပ်လျှောက်ရန်
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ခေါ်ယူလျက်ရှိသည့် အလုပ်အကိုင်အခွင့်အလမ်းများကို Current opportunities တွင် လေ့လာလျှောက်ထားနိုင်ပါသည်။
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း၏ အလုပ်အကိုင်များအား စိတ်ပါဝင်စားသူများအနေဖြင့် ကိုယ်ရေးရာဇဝင်အပြည့်အစုံ နှင့် မိမိ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ စိတ်ဆန္ဒပြင်းပြမှု၊ စွမ်းရည် တို့ကို ရေးသားကာ ဤနေရာကို နှိပ်ပြီး အွန်လိုင်းမှတဆင့် (သို့) အီးမေးလ် ပေးပို့ လျှောက်ထားခြင်းများ ပြုလုပ်နိုင်သည်။ အခြားသော စာရွက်စာတမ်းများ ပူးတွဲပေးပို့ရန် မလိုအပ်ပါ။