ရိုးမဘဏ် နှင့် MC Easy Microfinance Company Limited တို့ မြန်မာကျပ် ၄.၈ ဘီလျံ တန်ဖိုးရှိ  ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုး
ရိုးမဘဏ် နှင့် MC Easy Microfinance Company Limited တို့ မြန်မာကျပ် ၄.၈ ဘီလျံ တန်ဖိုးရှိ ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုး

Easy Microfinance က မြန်မာနိုင်ငံတစ်ဝန်း ဒေသ ၇ ခုရှိ နောက်ထပ် အသေးစားလုပ်ငန်းရှင်ပေါင်း ၁၆,၀၀၀ ကို ချေးငွေထောက်ပံ့ပေးသွားနိင်ရန် ရိုးမဘဏ် နှင့် ၄.၈ ဘီလျံ တန်ဖိုးရှိ ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ ပါသည်။

Read more

အီးဇီးရဲ့ ဒေါပုံရုံးခွဲအသစ်
အီးဇီးရဲ့ ဒေါပုံရုံးခွဲအသစ်

အီးဇီ အသေးစားငွေကြေးလုပ်ငန်းရဲ့ ၂၁ ခုမြောက်ရုံးခွဲကို ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်တွင်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ ဒီဒေါပုံရုံးခွဲမှာဆိုရင် ဒေါပုံ၊ တာမွေ နှင့် သာကေတ မြို့နယ်တို့ရဲ့ ငွေကြေးဝန်ဆောင်မှုတွေကို တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အရင်ကတော့ ဒီသုံးမြို့နယ်ကို သင်္ဃန်းကျွန်းရုံးခွဲကနေ ဝန်ဆောင်မှုပေးနေရာ၊ အသင်းသားဦးရေများလာသဖြင့် နေရာအခက်ခဲ နဲ့ အချိန်ကျန့်ကြာမှုများရှိလာသည့်အတွက် အီဇီးအသင်းသားများအား အချိန်ကုန်လူပင်ပန်းသက်သာစေရန် ရည်ရွယ်ပြီး ဒေါပုံရုံးခွဲကိုဖွင့်လှစ်ပြီး လွဲပြောင်းယူစေခဲ့ခြင်းဖြစ်ပါသည်။ ဒေါပုံရုံးခွဲ မန်နေဂျာ ကိုလှိုင်ကိုကိုဦးသည် အီးဇီ အသေးစားငွေကြေးလုပ်ငန်း တည်ထောင်စဉ် အချိန်တည်းက အီးဇီးနဲ့ အတူရှိနေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ပြောပြချက်အရ ” အီးဇီ အသေးစားငွေကြေးလုပ်ငန်းမှာ ၂၀၁၆ အောက်တိုဘာလက စပြီး ချေးငွေအရာရှိအဖြစ် သင်္ဃန်းကျွန်းရုံးခွဲဖြစ်တဲ့ အီးဇီးရဲ့ ပထမဆုံးရုံးခွဲမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ သိပ်မကြာပါဘူး၊ တစ်နှစ်လောက်နေတော့ ကြီးတန်းချေးငွေအရာရှိ အဖြစ်ရာထူးတိုးသွားတယ်။ အဲ၂၀၁၇ အောက်တိုဘာမှာတော့ ချေးငွေကြီကြပ်ရေးမှုးအဖြစ် ထပ်ရာထူးတိုးသွားတယ်ပေါ့။ ဒါကလည်း အီးဇီးရဲ့ ဝန်ထမ်းတွေအပေါ် ထားရှိတဲ့…

Read more

အီးဇီးရုံးခွဲ ၅ ခုထပ်မံဖွင့်လှစ်
အီးဇီးရုံးခွဲ ၅ ခုထပ်မံဖွင့်လှစ်

Easy ရုံးခွဲသစ်များကို ပြီးခဲ့သည့် စက်တင်ဘာလမှစပြီးဧရာဝတီတိုင်းအတွင်း ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ဓနုဖြူ လေးနေရာနဲ့ ရန်ကုန်တိုင်းအတွင်း ဒေါပုံ တစ်နေရာ စုစုပေါင်း ၅ နေရာမှာ ရုံးခွဲသစ်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ရုံးခွဲ ၂၁ ခု တောင်ရှိနေပြီဆိုတော့ လူကြီးမင်းတို့အတွက် ပိုပြီး လွယ်ကူမြန်ဆန်တဲ့ ချေးငွေဝန်ဆောင်မှုတွေကို ပေးသွားနိင်တော့မှာဖြစ်ပါတယ်။ အီးဇီးနဲ့ ပတ်သက်တာတွေကို ပိုမိုလေ့လာသိရှိနိင်ဖို့ ဒီလင့်လေး (http://easy.com.mm/our-locations-mm/) မှာဝင်ကြည့်နိင်ပါတယ်။

Read more

Easy Microfinance ၏ ချေးငွေနှုန်းထားများ လျှော့ချခြင်း
Easy Microfinance ၏ ချေးငွေနှုန်းထားများ လျှော့ချခြင်း

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအနေနှင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ချေးပေးမည့် ချေးငွေများအားလုံးအတွက် ချေးငွေဆိုင်ရာဝန်ဆောင်ခနှင့် အတိုးနှုန်းများကို လျှော့ချပေးသွားမှာဖြစ်ကြောင်း ဂုဏ်ယူစွာနှင့် အသိပေးလိုပါသည်။ ချေးငွေဆိုင်ရာ အတိုးနှုန်းကို မူလက ချေးငွေ၏(၂.၅၀) ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ယခုအခါမှာ ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ဝန်ဆောင်ခကိုလည်း ယခင် ၂ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ယခုအခါတွင် ချေးငွေသက်တမ်းအပေါ်မူတည်၍သာ ကောက်ခံသွားမည့်အတွက် ၁၂ လ အောက် ချေးငွေများအတွက် ဝန်ဆောင်ခသည် ၂ ရာခိုင်နှုန်းထက်လျော့နည်းသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ယခုကဲ့သို့ ဝန်ဆောင်ခနှင့် အတိုးနှုန်းများ လျော့ချပေးခြင်းအားဖြင့် လူကြီးမင်းတို့ လုပ်ငန်းဆောင်တာများ ပိုမို ကြီးပွားတိုးတက်စေမည်ဟု အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ စီမံခန့်ခွဲမှုအဖွဲ့နှင့်တကွ ဝန်ထမ်းများမှ မျှော်လင့်ပါသည်။ လူကြီးမင်းတို့၏ အနာဂတ်စိတ်ကူးအိပ်မက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးပေးရန်လည်း အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အစဉ်စိတ်အားထက်သန်လျှက်ရှိပါသည်။

Read more

Easy – Ongo ပူးပေါင်းဆောင်ရွက်မှု
Easy – Ongo ပူးပေါင်းဆောင်ရွက်မှု

Easy Microfinance မှ Ongo နှင့်အတူပူးပေါင်းဆောင်ရွက်ထားရှိသည့် ဝန်ဆောင်မှုအသစ်တစ်ခုအကြောင်း ဂုဏ်ယူစွာဖြင့် သတင်းကောင်းပါးလိုပါသည်။ Ongo ဆိုသည်မှာ မြန်မာနိုင်ငံတွင် B2B ဒစ်ဂျစ်တယ် ငွေပေးချေမှုတွင် ဦးဆောင်လျှက်ရှိသော ဝန်ဆောင်မှုထောက်ပံ့ဆောင်ရွက်ပေးသူဖြစ်ပြီး မြန်မာနိုင်ငံရှိမြို့ပေါင်း (၇၄) မြို့တွင် Ongo အေးဂျင့်ပေါင်း (၁,၈၀၀) ကျော်ဖြင့်  ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းပေါင်း (၁၄၀)၊ ကုန်သည်ပေါင်း (၂၆,၀၀၀) ကျော်နှင့် အသုံးပြုသူပေါင်း (၆၅၀,၀၀၀) တို့အတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။  Ongo ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကို စတင်ရယူလိုက်သည်နှင့်  Easy Microfinance ၏ ဝန်ဆောင်မှု ရယူသူများသည် Ongo စမတ်ဖုန်း App မှသော်လည်းကောင်း၊ Ongo ကိုယ်စားလှယ်များထံတွင်လည်းကောင်း ၎င်းတို့၏ ချေးငွေများကို လွယ်ကူစွာ၊ ရိုးရှင်းစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ ပေးချေနိုင်မည်ဖြစ်သည်။ Ongo ၏ Mobile Wallet…

Read more

ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးအနေဖြင့် ထောက်ပံ့လှူဒါန်းခြင်း
ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးအနေဖြင့် ထောက်ပံ့လှူဒါန်းခြင်း

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ မြစ်ရေပမာဏမြင့်တက်လာမှုတွေကြောင့် မြန်မာပြည်ဒေသအတော်များများဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ရေကြီးရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။ အဆိုပါရေဘေးသင့် ဒဏ်ခံခဲ့ရတဲ့ နေရာဒေသများထဲမှ မော်လမြိုင်၊ ပေါင်နဲ့ ဘားအံဒေသတွေအတွက် ကူညီကယ်ဆယ်ရေးအနေနဲ့ အီးဇီး အသေးစားငွေရေးကြေးရေး လုပ်ငန်းဟာ ဆန်အိတ် ၃၆၈ အိတ်၊ ဆီ ၃၆၄ ပုလင်းနဲ့ ရေသန့်ဘူး ၃၆၂ ဘူးတို့ကို ထောက်ပံ့လှူဒါန်း နိုင်ခဲ့ပါတယ်။

Read more

Easy Microfinance  နှင့် Wall Street English တို့ ပူးပေါင်းပြီး ပညာရေးချေးငွေဝန်ဆောင်မှုပေးခြင်း
Easy Microfinance နှင့် Wall Street English တို့ ပူးပေါင်းပြီး ပညာရေးချေးငွေဝန်ဆောင်မှုပေးခြင်း

Easy Microfinance  နှင့် Wall Street English တို့အတူပူးပေါင်းပြီး   နိုင်ငံတကာအသိအမှတ်ပြုကျောင်းတစ်ကျောင်း ဖြစ်တဲ့   Wall Street English စင်တာမှာ Easy Microfinance  မှ ပညာရေးချေးငွေရယူပြီး အင်္ဂလိပ်စာကို လေ့လာသင်ယူနိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် သတင်းကောင်းပါးလိုပါတယ်။  အသက် (၁၈) နှစ်မှ (၆၅) နှစ် အတွင်း ရှိသော မြန်မာနိုင်ငံသားဖြစ်သူ၊  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ပုံမှန်ဝင်ငွေရှိကြောင်း အထောက်အထားပြနိုင်သူများဟာ ပညာရေးချေးငွေကို ရယူလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ Easy Microfinance  မှ ပညာရေးချေးငွေအကြောင်း အသေးစိတ်သိလိုပါက Wall Street English Myanmar Facebook page ရဲ့ Message box ကနေ မေးမြန်းနိုင်သလို ဖုန်းနံပါတ် 01 503 370, 09 969 799 999, 09…

Read more

ရုံးခွဲသစ် ဖွင့်လှစ်ခြင်း
ရုံးခွဲသစ် ဖွင့်လှစ်ခြင်း

အီးဇီးအသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ တောင်တွင်းကြီးနှင့်အောင်လံမြို့နယ်များတွင်ရုံးခွဲများ ဖွင့်လှစ်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ယခုအခါ အီးဇီးအသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း အနေဖြင့် တိုင်းဒေသကြီးခြောက်ခု၊ မြို့နယ်ပေါင်း (၅၈) မြို့နယ်၊ ရပ်ကွက်ပေါင်း(၂,၂၃၁)အုပ်စုနှင့် ကျေးရွာအုပ်စုတို့ကို ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာနိုင်ငံအနှံ့အပြားတွင် ရုံးခွဲပေါင်း(၁၆) ခုကို ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။နောက်ထပ် တိုးချဲ့ ဖွင့်လှစ်မှုများအတွက် ဆက်လက်စောင့်မျှော်ပေးပါဦး။

Read more

မိဘမဲ့ဂေဟာတွင် အလှူဒါနပြုခြင်း
မိဘမဲ့ဂေဟာတွင် အလှူဒါနပြုခြင်း

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်နေ့တွင် သာကေတမြို့နယ်ရှိ မှန်ကင်းကျောင်းတိုက်၊မိဘမဲ့ကလေးဂေဟာ မှ သံဃာတော်များနှင့် မိဘမဲ့ကလေးများအား နေ့လည်စာ အာဟာရကျွေးမွေးလှူဒါန်းခြင်း၊ ကျောင်းသုံးစာရေးကိရိယာများ၊ အခြေခံလိုအပ်သော ဆန်၊ဆီများနှင့်အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read more

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.