Easy Microfinance မှ မိမိ၏အသင်းသားများ Android Smart Phone မှတစ်ဆင့် အသုံးပြုနိုင်မည့် အပလီကေးရှင်းတစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးအကြောင်းကြားလိုပါသည်။ ဤအပလီကေးရှင်းမှတစ်ဆင့်  မိမိ၏ ငွေလွှဲပြောင်းမှုဆိုင်ရာ လုပ်ဆောင်ချက်များ၊ လွှဲပြောင်းသည့်ပမာဏများ၊ ချေးငွေပမာဏများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်ပါသည်။ အပလီကေးရှင်းကို အသုံးပြုရန်အတွက် မိမိတို့၏ Android Smart Phone  များတွင် Easy App ကို Install ပြုလုပ်ပြီး အသင်းသားအိုင်ဒီဖြင့် မှတ်ပုံတင်ကာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Ongo အေးဂျင့်များထံတွင် ချေးငွေပြန်လည်ပေးသွင်းမှုများ ပြုလုပ်ရန်အတွက်လည်း ဤအပလီကေးရှင်းကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

အပလီကေးရှင်းအား အသုံးပြုရန်အတွက်် လမ်းညွှန်ချက်အဆင့်ဆင့်ကို အောက်ပါလင့်ခ်တွင် ကြည့်နိုင်ပါသည်။

https://easy.com.mm/mm/easy-app-2/

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.