အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအနေနှင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ထုတ်ချေးပေးမည့် ချေးငွေများအားလုံးအတွက် ချေးငွေဆိုင်ရာဝန်ဆောင်ခနှင့် အတိုးနှုန်းများကို လျှော့ချပေးသွားမှာဖြစ်ကြောင်း ဂုဏ်ယူစွာနှင့် အသိပေးလိုပါသည်။
ချေးငွေဆိုင်ရာ အတိုးနှုန်းကို မူလက ချေးငွေ၏(၂.၅၀) ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ယခုအခါမှာ ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးသွားမည်ဖြစ်ပြီး ဝန်ဆောင်ခကိုလည်း ယခင် ၂ ရာခိုင်နှုန်း ကောက်ခံလျက်ရှိရာမှ ယခုအခါတွင် ချေးငွေသက်တမ်းအပေါ်မူတည်၍သာ ကောက်ခံသွားမည့်အတွက် ၁၂ လ အောက် ချေးငွေများအတွက် ဝန်ဆောင်ခသည် ၂ ရာခိုင်နှုန်းထက်လျော့နည်းသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။
ယခုကဲ့သို့ ဝန်ဆောင်ခနှင့် အတိုးနှုန်းများ လျော့ချပေးခြင်းအားဖြင့် လူကြီးမင်းတို့ လုပ်ငန်းဆောင်တာများ ပိုမို ကြီးပွားတိုးတက်စေမည်ဟု အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ စီမံခန့်ခွဲမှုအဖွဲ့နှင့်တကွ ဝန်ထမ်းများမှ မျှော်လင့်ပါသည်။ လူကြီးမင်းတို့၏ အနာဂတ်စိတ်ကူးအိပ်မက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပံ့ပိုးပေးရန်လည်း အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အစဉ်စိတ်အားထက်သန်လျှက်ရှိပါသည်။

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.