Easy Microfinance မှ Ongo နှင့်အတူပူးပေါင်းဆောင်ရွက်ထားရှိသည့် ဝန်ဆောင်မှုအသစ်တစ်ခုအကြောင်း ဂုဏ်ယူစွာဖြင့် သတင်းကောင်းပါးလိုပါသည်။ Ongo ဆိုသည်မှာ မြန်မာနိုင်ငံတွင် B2B ဒစ်ဂျစ်တယ် ငွေပေးချေမှုတွင် ဦးဆောင်လျှက်ရှိသော ဝန်ဆောင်မှုထောက်ပံ့ဆောင်ရွက်ပေးသူဖြစ်ပြီး မြန်မာနိုင်ငံရှိမြို့ပေါင်း (၇၄) မြို့တွင် Ongo အေးဂျင့်ပေါင်း (၁,၈၀၀) ကျော်ဖြင့်  ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းပေါင်း (၁၄၀)၊ ကုန်သည်ပေါင်း (၂၆,၀၀၀) ကျော်နှင့် အသုံးပြုသူပေါင်း (၆၅၀,၀၀၀) တို့အတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ 

Ongo ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကို စတင်ရယူလိုက်သည်နှင့်  Easy Microfinance ၏ ဝန်ဆောင်မှု ရယူသူများသည် Ongo စမတ်ဖုန်း App မှသော်လည်းကောင်း၊ Ongo ကိုယ်စားလှယ်များထံတွင်လည်းကောင်း ၎င်းတို့၏ ချေးငွေများကို လွယ်ကူစွာ၊ ရိုးရှင်းစွာဖြင့် ကိုယ်တိုင်ကိုယ်ကျ ပေးချေနိုင်မည်ဖြစ်သည်။ Ongo ၏ Mobile Wallet အကောင့်များကို မြန်မာ့ဗဟိုဘဏ်အောက်ရှိ မိုဘိုင်းဘဏ်စနစ်လိုင်စင်၏ ညွှန်ကြားချက်အရ မြန်မာအရှေ့တိုင်းဘဏ်မှတဆင့် ထိန်းသိမ်းစောင့်ကြည့်ထားသဖြင့် ဝန်ဆောင်မှုရယူသူများသည် မည်သည့် ဘဏ်ခွဲတစ်ခုကိုမျှ သွားရောက်ရန်မလိုအပ်ဘဲ ဘဏ်မှစနစ်တကျထိန်းသိမ်းထားသည့် လုံခြံမှုအတိုင်း ရရှိနိုင်မည်ဖြစ်ပါသည်။

ယခု အကျိုးတူပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာကဏ္ဍကို အဆင့်မြှင့်တင်ရာတွင် အရေး ပါသော ခြေလှမ်းတစ်ခုဖြစ်သကဲ့သို့ Easy Microfinance ၏ ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည့် လမ်းစအားလည်း ပိုမိုချဲ့ထွင်ပေးမည်ဖြစ်သည်။ “ Ongo နဲ့ အကျိုးတူပူးပေါင်းခြင်းဟာ ကျွန်တော်တို့ရဲ့ ချေးငွေဝန်ဆောင်မှု ရယူသူတွေ ချေးငွေပြန်လည်ပေးသွင်းရာမှာ Ongo ကိုယ်စားလှယ်များကနေသော် လည်းကောင်း၊ Ongo မိုဘိုင်း အယ်ပလီကေးရှင်း မှသော်လည်းကောင်း ပေးသွင်းနိုင်မယ့် ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်အသုံးပြုနိုင်စေမှာဖြစ်တဲ့အတွက်  ဒီဝန်ဆောင်မှုကို ရယူတဲ့ အသင်းသားတွေဟာ ချေးငွေပြန်လည် ပေးသွင်းဖို့အတွက် Easy Microfinance  ရဲ့ ရုံးခွဲများထံလာရောက်ရမည့် အချိန်၊ ငွေကြေးတွေကို လျှော့ချ နိုင်မှာဖြစ်ပြီး  Ongo မှတစ်ဆင့် ငွေပေးသွင်းမှုတော်တော်များများကို ပြုလုပ်နိုင်မယ်ဆိုရင် တစ်ချိန်တည်းမှာပဲ ရုံးခွဲကို လာရောက်တဲ့အသင်းသားတွေကိုလည်း ပိုမိုလျှင်မြန်စွာ ဝန်ဆောင်မှု ပေးလာနိုင်မှာ ဖြစ်ပါတယ်” ဟု Easy Microfinance မှ စီမံခန့်ခွဲမှုဒါရိုက်တာ Mr.Frank Snieders မှ ပြောကြားခဲ့ပါသည်။

 “Easy Microfinance ရဲ့ ဝန်ဆောင်မှုတွေကို အမြဲရယူနေကြတဲ့ ပြည်သူတွေအတွက် ရိုးရှင်းပြီး အချိန်ကုန်သက်သာ စေမယ့် ချေးငွေပြန်လည်ပေးသွင်းမှုစနစ်တွေကို အသုံးပြုနိုင်အောင်လုပ်ပေးတဲ့နေရာမှာ အတူတကွပါဝင်ခွင့်ရတာ ဝမ်းမြောက်ဂုဏ်ယူစရာပါဘဲ။ Easy ရဲ့  ပွင့်လင်းမြင်သာမှု၊ အငြင်းပွားမှုကင်းတဲ့ ဝန်ဆောင်မှုနဲ့ ဆောင်ရွက်မှုတွေအပေါ် အဓိကထားတဲ့အချက်ကို အသုံးပြုသူတိုင်း လုံခြုံမှု၊ ရိုးရှင်းမှုနဲ့ အဆင်ပြေမှုတွေရှိအောင်ပံ့ပိုးပေးတဲ့ ကျွန်တော်တို့ Ongo က ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အားဖြည့်သွားမှာ ဖြစ်ပါတယ်” ဟုလည်း Ongo ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Allen Gilstrap မှ ပြောကြားခဲ့ပါသည်။

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.