လွယ်ကူလျင်မြန်စွာ

သင့်ရဲ့ စိတ်ကူးထဲက စီးပွားရေးကိုသာ အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ ငွေရေးကြေးရေးအတွက် ကျွန်ုပ်တို့ရှိပါသည်။

ကြိုဆိုပါ၏။

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနထံမှ တရား ဝင်လုပ်ငန်းလိုင်စင်ရရှိထားသည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီလီမိတက်တစ်ခု ဖြစ်ပါသည်။

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ အားသာချက်များ

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ ချေးငွေများသည် အသင်းသားများ၏ စီးပွားရေးလိုအပ်ချက်နှင့် ကိုက်ညီ၍ လွယ်ကူအဆင်ပြေစွာ ရရှိနိုင်ကာ ပြန်လည်ပေးဆပ်နိုင်သော ငွေကြေးပမာဏများ ဖြစ်စေရန် စီစဉ်ထားရှိပါသည်။

အခက်အခဲမရှိ ချေးငွေရယူနိုင်ခြင်း။

- ဓာတ်ပုံ(သို့) မိတ္တူပေးရန် မလိုခြင်း။
- အာမခံပစ္စည်း မလိုအပ်ခြင်း။
- အပတ်စဉ်၊ လစဉ် အစည်းအဝေးပွဲများအား တက်ရောက်ရန် မလိုခြင်း။

ပွင့်လင်းမြင်သာသော စနစ်။

- အပိုဆောင်းကုန်ကျငွေ ပေးရန်မလိုခြင်း။
- အသုံးပြုရ ရိုးရှင်းလွယ်ကူခြင်း။
- စီးပွားရေးလိုအပ်ချက်နှင့် အညီ ပြန်လည်ပေးဆပ်နိုင်သော ငွေကြေးပမာဏများ ဖြစ်စေရန် စီစဉ်ထားရှိခြင်း။

လျင်မြန်စွာ ချေးငွေ ရရှိနိုင်ခြင်း။

ချေးငွေ အများစုကို လျှောက်ထားပြီး ၃ရက်မှ ၅ရက်အတွင်း ရရှိနိုင်ပါသည်။

အကောင်းဆုံးသော ဝန်ဆောင်မှု။

ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ဝန်ထမ်းများမှ လွယ်ကူလျင်မြန်စွာ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

ချေးငွေအရေအတွက်ပေါင်း ၆၃၀,၀၀၀ ကျော်နှင့် ချေးငွေကျပ် ၂၈၅  ဘီလီယံကျော်

လုပ်ငန်းစတင်ခဲ့သည့်အချိန်မှစ၍ အတည်ပြုပြီးခဲ့သော ချေးငွေများ

ပြည်နယ် ခု

လက်ရှိအသင်းသားပေါင်း ၇၀,၀၀၀ ကျော်

ရုံးခွဲ ၂၂ ရုံး

ဝန်ထမ်းပေါင်း (၃၅၀) ကျော်

၀န်ဆောင်မှု ရယူကြသူများ

ကျွန်ုပ်တို့၏ အသင်းသားများသည် စိတ်အားထက်သန်ပြီး အလုပ်ကြိုးစားသော အသေးစားလုပ်ငန်းရှင်များဖြစ်ကြပြီး စိန်ခေါ်မှုများကြားမှ အောင်မြင်မှုကို ရယူကြသူများ ဖြစ်ကြသည်။ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် အဆိုပါ လုပ်ငန်းရှင်များ၏ စိတ်ကူးအိပ်မက်များနှင့် ပိုမိုကောင်းမွန်သော အနာဂတ်များ ဖန်တီးပုံဖော်ရာတွင် ကူညီပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုရရှိထားသည့် ဒေါ်ခင်ခင်ဝင်းအကြောင်းကို ဤနေရာတွင် ကြည့်ရှုနိုင်သည်။

ကျွန်ုပ်တို့၏ ချေးငွေဝန်ဆောင်မှုများ

သင့်လိုအပ်ချက်များနှင့် ကိုက်ညီသော ချေးငွေဝန်ဆောင်မှုများ

အဖွဲ့လိုက်ချေးငွေ ဝန်ဆောင်မှု

ချေးငွေပမာဏ
အဖွဲ့ဝင်တစ်ဦးလျှင်(၁၀၀,၀၀၀) ကျပ် မှ ကျပ် (၁,၀၀၀,၀၀၀) အထိ

ချေးငွေကာလ
၆ လ ၊ ၉ လ (သို့) ၁၂ လ

အဖွဲ့ဝင် အရေအတွက်
၅ယောက်မှ ၁၀ယောက်အထိ

ပြန်လည်ပေးသွင်းရမည့်ပုံစံ
လစဉ်အရစ်ကျပေးချေသည့်စနစ်

ချေးငွေဝန်ဆောင်မှုစရိတ်
ချေးငွေကာလ ပေါ်မူတည်၍ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်းအထိ

အတိုးနှုန်း
ပေးသွင်းရန်ကျန်သည့်ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်း

မဖြစ်မနေစုရမည့် စုငွေ
မဖြစ်မနေစုရမည့် စုငွေမှာ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ (၅) ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း(၁၄)ရာခိုင်နှုန်းပြန်ရမည်ဖြစ်သည်။

အသေးစိတ်သိရှိစေရန်

တစ်ဦးချင်းချေးငွေ ဝန်ဆောင်မှု

ချေးငွေပမာဏ
(၁,၀၀၀,၀၀၀) ကျပ် မှ ကျပ် (၁၀,၀၀၀,၀၀၀) အထိ

ချေးငွေကာလ
(၆) လ မှ (၂၄) လ

အာမခံသူ
အာမခံပေးမည့် ကိုယ်စားလှယ်သည် လုံလောက်သည့် ဝင်ငွေရှိသူ ဖြစ်ရမည်။

ပြန်လည်ပေးသွင်းရမည့်ပုံစံ
လစဉ်အရစ်ကျပေးချေသည့်စနစ်

ချေးငွေဝန်ဆောင်မှုစရိတ်
ချေးငွေကာလ ပေါ်မူတည်၍ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်း မှ ၄ ရာခိုင်နှုန်းအထိ

အတိုးနှုန်း
ပေးသွင်းရန်ကျန်သည့်ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်း

မဖြစ်မနေစုရမည့် စုငွေ
မဖြစ်မနေစုရမည့် စုငွေမှာ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ (၅) ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း(၁၄)ရာခိုင်နှုန်းပြန်ရမည်ဖြစ်သည်။

အသေးစိတ်သိရှိစေရန်

စိုက်ပျိုးရေးချေးငွေ ဝန်ဆောင်မှု

ချေးငွေပမာဏ
အဖွဲ့ဝင်တစ်ဦးလျှင်(၃၀၀,၀၀၀) ကျပ် မှ ကျပ် (၅,၀၀၀,၀၀၀) အထိ

ချေးငွေကာလ
(၃) လ မှ (၁၂) လ

အဖွဲ့ဝင် အရေအတွက်
၃ ယောက်မှ ၅ ယောက်အထိ

ပြန်လည်ပေးသွင်းရမည့်ပုံစံ
သီးနှံစက်ဝန်းနှင့် လိုက်လျောညီထွေဖြစ်သည့် ချေးငွေပြန်လည်ပေးသွင်းမှုစနစ်

ချေးငွေဝန်ဆောင်မှုစရိတ်
ချေးငွေကာလ ပေါ်မူတည်၍ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ ၀.၅ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်းအထိ

အတိုးနှုန်း
ပေးသွင်းရန်ကျန်သည့်ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်း

မဖြစ်မနေစုရမည့် စုငွေ
မဖြစ်မနေစုရမည့် စုငွေမှာ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ (၅) ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း(၁၄)ရာခိုင်နှုန်းပြန်ရမည်ဖြစ်သည်။

အသေးစိတ်သိရှိစေရန်

အီးဇီးချေးငွေများကို ပါတနာများမှတစ်ဆင့် ပြန်လည်ပေးသွင်းနိုင်ပါပြီ။

ကျွန်ုပ်တို့၏အစုရှယ်ယာဝင်များ

အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်းသည် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ (၁၄.၂) သန်းဖြင့် မြန်မာ နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုအကောင်းဆုံးသော အသေးစားငွေရေးကြေးရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင် ဖြစ်ပါ သည်။ အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်း ၏ အစုရှယ်ယာများကို စင်ကာပူနိုင်ငံအခြေစိုက် MC Projects Limited မှ ပိုင်ဆိုင်ပါသည်။

MC Projects Limited

MC Projects Limited သည် ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ပုဂ္ဂလိကလုပ်ငန်းစု တစ်ခုဖြစ်ပြီး ကုမ္ပဏီ မှတ်ပုံတင်အမှတ် 201418619E ဖြင့် 80 Robinson Road, #02-00, SINGAPORE နိုင်ငံတွင်  တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

MC Projects Limited သည် အရှေ့တောင်အာရှဒေသရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်လျှက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပြီး လုပ်ငန်းခွဲအဖွဲ့အစည်းများအား Consultancy Services များပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

 

လုပ်ငန်း မူဝါဒများ

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် အကောင်းဆုံးသော အသေးစားငွေရေးကြေးရေး လုပ်ငန်းဖြစ်သည်နှင့်အညီ အသင်းသားများအား ကာကွယ်ပေးခြင်းမူဝါဒ၊ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေး လုပ်ငန်းစဉ်များ၊ တာဝန်ယူမှုရှိပြီးဖြောင့်မတ်၍ ကျင့်ဝတ်စံနှုန်းများနှင့်ကိုက်ညီသော လုပ်ငန်းစဉ်များ (အသင်းဝင်များအားကောင်းစွာနားလည်သိရှိနိုင်ရေး၊ ငွေကြေးခဝါချမှုနှင့် အကျင့်ပျက်ခြစားမှုများအား တိုက်ဖျက်ခြင်း)အစရှိသော စံနှုန်းစနစ်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။
ဆက်ဖတ်ရန်
အသင်းသားများအား ကာကွယ်ပေးခြင်း မူဝါဒ
အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် တာဝန်ယူမှုရှိသော လုပ်ငန်း ဖြစ်သည့်အလျောက် အသင်းသားများအား ကာကွယ်ရေးမူဝါဒကို အောက်ပါစည်းမျဉ်းများအတိုင်း ထောက်ခံကျင့်သုံးလျက်ရှိပါသည်။
(၁) အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် မိမိ၏အသင်းသားများနှင့် ကိုက်ညီမှုရှိသော ဝန်ဆောင်မှုများ ၊ နည်းစနစ်များဖြင့် ကူညီဆောင်ရွက်ပေးပါမည်။
(၂) အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် မိမိ၏အသင်းသားများ ကြွေးနွံနစ်မှုမရှိစေရန် အထူးဂရုပြု ကြိုးစားဆောင်ရွက်ပါမည်။
(၃) အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် အသင်းသားများ အပိုဆောင်းကုန်ကျငွေများ မရှိစေရန် ဈေးနှုန်း ၊ စည်းမျဉ်းစည်းကမ်းစသည်တို့ကို ပွင့်လင်းမြင်သာစွာ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အကြောင်းကြား ဆောင်ရွက်ပါမည်။
(၄) အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် နှုန်းထားပမာဏများ သတ်မှတ်ရာတွင်လည်း အသင်းသားများအတွက် အဆင်ပြေချောမွေ့ပြီး ကုမ္ပဏီအနေဖြင့် ရေရှည်လုပ်ငန်းဆောင်ရွက်နိုင်စေမည့် နှုန်းထားများဖြင့် သတ်မှတ်ဆောင်ရွက်ပါသည်။
(၅) အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် အသင်းသားများအား မျှတ လေးစားစွာ ဆက်ဆံပါသည်။
(၆) အသင်းသားများ၏ အချက်အလက်များအား ချမှတ်ထားသောဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှို့ ဝှက်အချက်အလက်များ အနေနှင့် ထိန်းသိမ်းဆောင်ရွက်ပါမည်။
(၇) အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းတွင် အဆင်မပြေမှု၊ တိုင်ကြားမှုများအား လက်ခံဖြေရှင်းပေးမည့်စနစ်လည်း ထားရှိထားပါသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး လုပ်ငန်းစဉ်များ
အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအနေဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိနေစဉ်အတွင်း သဘာဝပတ်ဝန်းကျင် ၊လူမှုရေးဆိုင်ရာအန္တရာယ် ဖြစ်စေနိုင်သောအခြေအနေများကို ကောင်းမွန်စွာ စီမံခန့်ခွဲဆောင်ရွက်ပါမည်။ ထို့ကြောင့် အီးဇီး အသေးစားငွေရေးကြေးရေး လုပ်ငန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနထံမှ တရား ဝင်လုပ်ငန်းလိုင်စင်ရရှိထားသည့် ကုမ္ပဏီလီမိတက်တစ်ခု ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝများကို ထိခိုက်စေသည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နေသည့်လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးမည်မဟုတ်ပါ။ ထိုကဲ့သို့ ချေးငွေဝန်ဆောင်မှုပေးမည်မဟုတ်သည့်လုပ်ငန်းများကို ကန့်သတ်စာရင်းအနေဖြင့်သီးသန့်ဖော်ပြထားပါမည်။ ထို့အပြင် ကုမ္ပဏီမှ မိမိ၏ဝန်ထမ်းများအတွက် မျှတ၍ လုံခြုံစိတ်ချမှု အပြည့်အဝရှိသောလုပ်ငန်းခွင် (ကျား/မ၊ လူမျိုး၊ ဘာသာခွဲခြားခြင်းများ မရှိသည့်လုပ်ငန်းခွင်) အနေနှင့် အစဉ်အမြဲဖြစ်ပေါ်နေစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ချမှတ်ထားသောဥပဒေ၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး ကော်ပိုရေးရှင်း(International Finance Corporation) မှ ပြဌာန်းထားသော နိုင်ငံတကာစံသတ်မှတ်ချက်များအတိုင်း အပြည့်အဝလိုက်နာကာ ထိရောက်မှုရှိသော သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်တစ်ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
အုပ်ချုပ်မှုနှင့် စီးပွားရေးဆိုင်ရာကျင့်ဝတ်နီတိ
အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကျင့်ဝတ်ဆိုင်ရာစံသတ်မှတ်ချက်များကို လိုက်နာပြီး လုပ်ငန်းတွင်းဖြစ်စေ ၊ လုပ်ငန်းပြင်ပ ဆောင်ရွက်ချက်များတွင်ဖြစ်စေ ရိုးသားမှု၊ သမာသမတ်ကျမှု၊ တရားမျှတမှုများ အစဉ်သဖြင့် ရှိနေစေရန် ဆောင်ရွက်လျက်ရှိပါသည်။ ဝန်ထမ်းများမှ အစဉ်လိုက်နာရန်လိုအပ်သည့် ကျင့်ဝတ်စည်းမျဉ်းများကိုလည်း ဆောင်ရွက်ထားရှိပါသည်။ ဝန်ထမ်းများသည် အသင်းသားများနှင့်ပတ်သက်ပြီး ကုမ္ပဏီမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ဆက်ဆံဆောင်ရွက်ရန်နှင့် အကျိုးစီးပွား ပဋိပက္ခဖြစ်ပေါ်စေသည့် အခြေအနေမျိုးကို  ရှောင်ရှားရမည်ဖြစ်ပြီး အသင်းသား များထံမှဖြစ်စေ၊ ကုန်ပစ္စည်းတင်သွင်းသူများထံမှဖြစ်စေ လက်ဆောင်၊ ငွေကြေးတစ်စုံတစ်ရာ၊ အခြားတန်ဖိုးရှိသည့် ပစ္စည်း၊ ဝန်ဆောင်မှုတစ်စုံတစ်ခုကိုမျှ လက်ခံခွင့် မရှိပါ။  အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် လုပ်ငန်းနှင့်ဆက်စပ်သည့် ဆောင်ရွက်ချက်များအားလုံးတွင် လာဘ်ပေး လာဘ်ယူ၊ အကျင့်ပျက်ခြစားမှုများအား လုံးဝလက်သင့်ခံသွားမည် မဟုတ်ပါ။

ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို လိုက်နာသည့်အပြင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှု၊ စီးပွားရေးပိတ်ဆို့မှုများကို ကိုင်တွယ်ဖြေရှင်းရန်ချမှတ်ထားသည့် နိုင်ငံတကာစံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်သည့် ကောင်းမွန်သောအဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ဆောင်ရွက်လျက် ရှိပါသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါက ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင် ရွက်မည်ဖြစ်သည်။

ကောင်းမွန်သော အုပ်ချုပ်မှုနှင့် စီးပွားရေးဆိုင်ရာကျင့်ဝတ်နီတိများကို လိုက်နာကျင့်သုံးသော အဖွဲ့အစည်းကောင်းတစ်ခုအနေဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။

လွဲမှားသည့်လုပ်ရပ်များ၊ လက်သင့်မခံနိုင်သည့်လုပ်ရပ်များကို အသင်းသားများမှဖြစ်စေ၊ ဝန်ထမ်းများမှဖြစ်စေ ဖော်ထုတ်တွေ့ရှိပါက သတင်းပေးနိုင်မည့် သင့်လျော်သည့်နည်းစနစ်တစ်ခု ကိုလည်း ဖော်ဆောင် ထားရှိပါသည်။
အကျဉ်းဖတ်ရန်

လက်တွဲဖော်များ

AYA Bank

Yoma Bank

WynePay

Near Me

Frankfurt School

Ongo

Wall Street English

LIFT Fund

အကူအညီလိုအပ်နေပါသလား?

လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်
မေးခွန်းများအတွက်

အကယ်၍ သင့်မှာ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်း(သို့မဟုတ်) ချေးငွေဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက ဤနေရာကိုကလစ်နှိပ်၍ အနီးစပ်ဆုံး ရုံးခွဲကိုရှာဖွေ၍သော်လည်းကောင်း၊ ဖုန်းခေါ်၍သော်လည်းကောင်း၊ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အသင်းသား ဝန်ဆောင်မှုများကြည့်ရန်  
အဆင်မပြေမှုများအတွက်

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း သည်အသင်းသားများ၏ ပြဿနာ၊ အခက်အခဲများ၊ တိုင်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းပေးနိုင်ရန် စီစဉ်ထားပါသည်။ အဆင်မပြေမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများမှ တိုင်ကြားမှုအချက်အလက်များကို စုစည်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး အသင်းသား၏ တိုင်ကြားမှုများကို တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက်  
မေးလေ့ရှိသောမေးခွန်းများ

ကျွန်ုပ်တို့ဆီသို့ မမေးမြန်းခင် သင်မေးချင်သောမေးခွန်းရဲ့ အဖြေကို ကျွန်ုပ်တို့ဘက်မှ ဖြေဆိုပေးထားပြီးခြင်း ရှိ၊ မရှိကို စစ်ဆေးကြည့်ပါ။

မေးခွန်းများကြည့်ရန်  

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.