Easy Microfinance က မြန်မာနိုင်ငံတစ်ဝန်း ဒေသ ၇ ခုရှိ နောက်ထပ် အသေးစားလုပ်ငန်းရှင်ပေါင်း ၁၆,၀၀၀ ကို ချေးငွေထောက်ပံ့ပေးသွားနိင်ရန် ရိုးမဘဏ် နှင့် ၄.၈ ဘီလျံ တန်ဖိုးရှိ ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ ပါသည်။

အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်း၏ လုပ်ဆောင်ချက်များ
Easy Microfinance က မြန်မာနိုင်ငံတစ်ဝန်း ဒေသ ၇ ခုရှိ နောက်ထပ် အသေးစားလုပ်ငန်းရှင်ပေါင်း ၁၆,၀၀၀ ကို ချေးငွေထောက်ပံ့ပေးသွားနိင်ရန် ရိုးမဘဏ် နှင့် ၄.၈ ဘီလျံ တန်ဖိုးရှိ ငွေကြေးသဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ ပါသည်။
အီးဇီ အသေးစားငွေကြေးလုပ်ငန်းရဲ့ ၂၁ ခုမြောက်ရုံးခွဲကို ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်တွင်ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ ဒီဒေါပုံရုံးခွဲမှာဆိုရင် ဒေါပုံ၊ တာမွေ နှင့် သာကေတ မြို့နယ်တို့ရဲ့ ငွေကြေးဝန်ဆောင်မှုတွေကို တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အရင်ကတော့ ဒီသုံးမြို့နယ်ကို သင်္ဃန်းကျွန်းရုံးခွဲကနေ ဝန်ဆောင်မှုပေးနေရာ၊ အသင်းသားဦးရေများလာသဖြင့် နေရာအခက်ခဲ နဲ့ အချိန်ကျန့်ကြာမှုများရှိလာသည့်အတွက် အီဇီးအသင်းသားများအား အချိန်ကုန်လူပင်ပန်းသက်သာစေရန် ရည်ရွယ်ပြီး ဒေါပုံရုံးခွဲကိုဖွင့်လှစ်ပြီး လွဲပြောင်းယူစေခဲ့ခြင်းဖြစ်ပါသည်။ ဒေါပုံရုံးခွဲ မန်နေဂျာ ကိုလှိုင်ကိုကိုဦးသည် အီးဇီ အသေးစားငွေကြေးလုပ်ငန်း တည်ထောင်စဉ် အချိန်တည်းက အီးဇီးနဲ့ အတူရှိနေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ပြောပြချက်အရ ” အီးဇီ အသေးစားငွေကြေးလုပ်ငန်းမှာ ၂၀၁၆ အောက်တိုဘာလက စပြီး ချေးငွေအရာရှိအဖြစ် သင်္ဃန်းကျွန်းရုံးခွဲဖြစ်တဲ့ အီးဇီးရဲ့ ပထမဆုံးရုံးခွဲမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်။ သိပ်မကြာပါဘူး၊ တစ်နှစ်လောက်နေတော့ ကြီးတန်းချေးငွေအရာရှိ အဖြစ်ရာထူးတိုးသွားတယ်။ အဲ၂၀၁၇ အောက်တိုဘာမှာတော့ ချေးငွေကြီကြပ်ရေးမှုးအဖြစ် ထပ်ရာထူးတိုးသွားတယ်ပေါ့။ ဒါကလည်း အီးဇီးရဲ့ ဝန်ထမ်းတွေအပေါ် ထားရှိတဲ့…
Easy ရုံးခွဲသစ်များကို ပြီးခဲ့သည့် စက်တင်ဘာလမှစပြီးဧရာဝတီတိုင်းအတွင်း ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ဓနုဖြူ လေးနေရာနဲ့ ရန်ကုန်တိုင်းအတွင်း ဒေါပုံ တစ်နေရာ စုစုပေါင်း ၅ နေရာမှာ ရုံးခွဲသစ်များကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ရုံးခွဲ ၂၁ ခု တောင်ရှိနေပြီဆိုတော့ လူကြီးမင်းတို့အတွက် ပိုပြီး လွယ်ကူမြန်ဆန်တဲ့ ချေးငွေဝန်ဆောင်မှုတွေကို ပေးသွားနိင်တော့မှာဖြစ်ပါတယ်။ အီးဇီးနဲ့ ပတ်သက်တာတွေကို ပိုမိုလေ့လာသိရှိနိင်ဖို့ ဒီလင့်လေး (http://easy.com.mm/our-locations-mm/) မှာဝင်ကြည့်နိင်ပါတယ်။