Covid-19 ရောဂါသည် မြန်မာနိင်ငံအတွင်းသို့ ဝင်ရောက်လို့လာပြီဖြစ်သောကြောင့် အီးဇီးငွေရေးကြေးရေးလုပ်ငန်းမှ လည်းလိုအပ်သည့် ကာကွယ်မှုများကို ရုံးခွဲများတွင်စတင်ပြုလုပ်နေပြီဖြစ်ပါသည်။

ဝန်ထမ်းများ နဲ့ အသင်းသားများကို WHO ကထုတ်ပြန်ထားသည့် အောက်ပါကာကွယ်မှုနည်းစနစ်များအတိုင်း ဆောင်ရွက်စေလျက်ရှိပါသည် :

  • လက်ကို ပုံမှန်စင်ကြယ်စွာဆေးကြောစေခြင်း
  • ချောင်းဆိုးသည့်အခါ ပါစပ်၊ နှာခေါင်းများကို တစ်တောင်ဆစ်အတွင်းဖြင့်အုပ်ပြီးဆိုးစေခြင်း
  • အသုံးပြုပြီး စက္ကူစများကို ချက်ချင်း စွံပြစ်စေခြင်း
  • မျက်နှာကို လက်များဖြင့် ကိုင်တွယ်ခြင်းမှ ရှောင်ကြင်စေခြင်း
  • တစ်ယောက်နဲ့ တစ်ယောက် လုံလောက်သည့် ကွာဝေးမှ နေစပြီး လူများသောနေရာများသို့သွားလာခြင်းမှ ရှောင်ကြင်စေခြင်း
  • နှုတ်ဆက်ရာတွင်လည်း လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်စေခြင်း
  • တုတ်ကွေးခဲ့သို့သော ရောဂါ နဲ့ နေမကောင်းဖြစ်နေလျှင် နေအိမ်မှာနေစေပြီး ပြင်းထန်ပါက ဆရာဝန်ပြစေခြင်း

အီးဇီးတွင် နေ့စဉ်လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သည်များကို ထောက်ပံ့ပြုလုပ်နေပြီလည်းဖြစ်ပါသည်။ သန့်စင်ပြီးပြန်လည် အသုံးပြုနိင်သည့် နှာခေါင်းစီးများကို ဝန်ထမ်းအားလုံးအား ပေးအပ်ထားသည့်အပြင် တစ်ဦးနှင့်တစ်ဦးထိတွေ့ခြင်းမှလည်း ရှောင်ကြင်စေခြင်း၊ ရုံးခွဲများအတွင်းသို့ တစ်ကြိမ်ဝင်ရောက်သော အသင်းသားဦးရေကို ကန့်သက်ထားပြီး အထဲတွင်လည်း တစ်ဦး နှင့် တစ်ဦး အနည်းဆုံး ၁.၅ မီတာ အကွာဝေးမှာထိုင်ခိုင်းစေခြင်းများလည်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ဝန်ထမ်းများကိုလည်း အဖွဲ့များခွဲပြီး တစ်ဖွဲ့ ရုံးတက်လျှင် တစ်ဖွဲ့ အိမ်မှအလုပ်လုပ်စေခြင်းဖြင့် ကာကွယ်မှုကို ပိုထိရောက်အောင်လည်း ပြုလုပ်ထားပါသည်။

အသင်းသားများ ရုံးတွင်းသို့ မဝင်ရောက်ခင်တွင် စောင့်မှ ကိုယ်ပူတိုင်းခြင်း နဲ့ လက်ဆေးခိုင်းခြင်း (သို့) လက်သန့်ဆေးရည်အသုံးပြုစေခြင်းများကို ပြုလုပ်စေခြင်းဖြင့် ကာကွယ်မှုများထားရှိထားပါသည်။ ငွေသွင်းငွေထုတ်ရာမှာလည်း အန္တရာယ်မရှိစေရန် ကောင်တာများတွင် မှန်များတတ်ဆင်ထားခြင်းဖြင့် ရောဂါကာကွယ်ခြင်းကို ကောင်းဆုံးကာကွယ်ထားပါသည်။

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.