ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျင်းပပြုလုပ်သော ကုမ္ပဏီ/ လုပ်ငန်းတို့ကြား ပညာရေးကိစ္စရပ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နီလာရတုခန်းမ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ Easy Microfinance သည်လည်း ဂုဏ်ယူစွာဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဆရာမများမှ ကြွရောက်လာကြသည့် နယ်ပယ်အသီးသီးမှ လုပ်ငန်း တာဝန်ရှိသူများကိုရင်းနှီးစွာ နှုတ်ဆက်ခဲ့ပြီး စီးပွားရေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ စီးပွားရေးပညာ လေ့လာမှုများအတွက် လုပ်ငန်း ခွင်လက်တွေ့ကွင်းဆင်းခြင်း (Internship) အစီအစဉ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်းများ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ကုမ္ပဏီ/ လုပ်ငန်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ပါဝင်ခွင့်ရရှိခြင်းနှင့် အစဉ်အလာကြီးမားသော ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်းအား Easy Microfinance အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Easy Microfinance သည် လူငယ်လူရွယ် များစွာအား အလုပ်အကိုင်အခွင့်အလမ်းများပေးထားနိုင်သောအသေးစားငွေကြေးကုမ္ပဏီဖြစ်ပြီး ဆက်လက်၍လည်း အခွင့်အလမ်းရှာဖွေနေသော လူငယ်လူရွယ်များ၏ အလုပ်အကိုင်ရရှိရေးအတွက် ပါဝင်အားဖြည့်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသော လုပ်ငန်းအတွေ့အကြုံမရှိသေးသည့် လူငယ်လူရွယ်များ (Fresh Graduate) အား Easy MFI နှင့် လက်တွဲလုပ်ဆောင်၍ပိုမိုကောင်းမွန်သော အနာဂတ်များတည်ဆောက်နိုင်ပါရန် ကြိုဆို ဖိတ်ခေါ်အပ်ပါသည်။

#Easy Microfinance

#loan#savings#microfinance

#စုငွေ#ချေးငွေ

Hotline Number : 09 969701766 ( Office Hour 8:00 AM to 5:00PM )

OfficialWebsite : https://easy.com.mm/

Linkedin : https://www.linkedin.com/company/mc-easy-microfinance/

Telegram Channel: https://t.me/easysquar

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.