မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ မြစ်ရေပမာဏမြင့်တက်လာမှုတွေကြောင့် မြန်မာပြည်ဒေသအတော်များများဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း ရေကြီးရေလွှမ်းမိုးမှုဒဏ်ကို ခံစားခဲ့ကြရပါတယ်။ အဆိုပါရေဘေးသင့် ဒဏ်ခံခဲ့ရတဲ့ နေရာဒေသများထဲမှ မော်လမြိုင်၊ ပေါင်နဲ့ ဘားအံဒေသတွေအတွက် ကူညီကယ်ဆယ်ရေးအနေနဲ့ အီးဇီး အသေးစားငွေရေးကြေးရေး လုပ်ငန်းဟာ ဆန်အိတ် ၃၆၈ အိတ်၊ ဆီ ၃၆၄ ပုလင်းနဲ့ ရေသန့်ဘူး ၃၆၂ ဘူးတို့ကို ထောက်ပံ့လှူဒါန်း နိုင်ခဲ့ပါတယ်။




