အီးဇီးငွေရေးကြေးရေးလုပ်ငန်းကနေ ပြီးခဲ့တဲ့ သောကြာနေ့က ဒေါပုံ နဲ့ စမ်းချောင်း ရုံးခွဲမှာ အသင်းသားများအတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေးပြုလုပ်ခဲ့ပါသည်။ ရုံးခွဲနှစ်ခုပေါင်းမှ အသင်းသား ခြောက်ဆယ်ကျော်တက်ရောက်ခဲ့ကြပါသည်။ ဒီသင်တန်းမှာ အီးဇီးရဲ့ ရန်ကုန်တိုင်းဒေသဆိုင်ရာ မန်နေဂျာ တစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ဦးကနေ အသင်းသားတွေရဲ့ ငွေဝင်ငွေထွက်တွေကို ဘယ်လိုစီမံခန့်ခွဲမှုတွေလုပ်ရမလဲ နဲ့ အသင်းသားတွေရဲ့ စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် ဘယ်လိုတွေလုပ်ဆောင်သင့်တယ်ဆိုတာတွေကို အကြံပေးပြောဆိုခဲ့ပါတယ်။
တက်ရောက်ခဲ့တဲ့ အသင်းသားတစ်ယောက်က ခုလိုပြောပါတယ် ” ဒီသင်တန်းပေးမှုလေးက ကျွန်မကို တော်တော် အမြင်ကျယ်စေပါတယ်။ အခုဆိုရင် ကျွန်မရဲ့ ဝင်ငွေထွက်ငွေတွေကို ဘယ်လိုစီမံရမလဲ အကြွေးမပိအောင်ဘယ်လို ရှောင်ရှားရမလဲဆိုတာကိုကောင်းကောင်းသဘောပေါက် သွားပါပြီ။ နောက်လည်းဒီလို သင်တန်းပေးတာလေးတွေ များများလုပ်ပေးသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ။
ဒေသဆိုင်ရာမန်နေဂျာ ကိုသန့်ဇင်ဦးက ဆိုပါတယ် “ အီးဇီးငွေရေးကြေးရေးလုပ်ငန်း အတွက်တော့ ကျွန်တော်တို့ အသင်းသားတွေရဲ့ ဘဝသာယာလှပပြီးတိုးတက်ဖွင့်ဖြိုး ဖို့ကို အဓိကထားဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အီးဇီးမိသားစုရဲ့ ရည်ရွယ်ချက်ကတော့ အသင်းသားများရဲ့ ဘဝတိုးတက်မြင့်မားပြီး၊ စီးပွားရေးတိုးတက်လာဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အီးဇီးကနေ အသင်းသားတွေကို ငွေထုတ်ချေးတဲ့ အခါ အသင်းသားတွေ အကြွေးမပိရလေအောင် အသင်းသားများရဲ့ ငွေကြေးအခြေအနေကို သေချာလေ့လာပြီး အသင်းသားများကို ချေးငွေအကြောင်းသေချာနားလည်အောင်ရှင်းပြပြီးမှ သာငွေချေးပေးပါတယ်။ ဒါ့အပြင် ဒီလိုငွေကြေးစီမံခန့်ခွဲမှုသင်တန်းတွေကို အသင်းသားတွေအတွက်ဆောင်ရွက်ပေးနေခြင်းကလည်း အသင်းသားတွေအပေါ်မှာ ကျွန်တော်တို့ ရဲ့ဂရုစိုက်မှုကိုပြသခြင်းတစ်ခုဖြစ်ပါတယ် “ ။
ဒေါပုံရုံးခွဲတွင်ပြုလုပ်ခဲ့သော ငွေကြေးစီမံခန့်ခွဲမှု သင်တန်းမှပုံများ
စမ်းချောင်းရုံးခွဲတွင်ပြုလုပ်ခဲ့သော ငွေကြေးစီမံခန့်ခွဲမှု သင်တန်းမှပုံများ











