ဧပြီလအတွင်းတွင် အီးဇီးအသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တရပ်ဆိုင်းခဲ့ ပြီးသည့်နောက် ယခုအချိန်တွင် စစ်ကိုင်းတိုင်းရုံးခွဲများဖြစ်သော မုံရွာနှင့် ရွှေဘိုရုံးခွဲမှအပ ကျန်ဒေသများရှိ ရုံးခွဲများအားလုံးကို ၂၀၂၀ ခုနှစ်၊ မေလ (၄) ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားလိုပါသည်။ ထိုသို့ဖွင့်လှစ်ရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းဦးရေ အနည်းဆုံးဖြင့် ခွင့်ပြုထားသည့်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လုပ်ငန်းဝန်ဆောင်မှုများအားလုံးကိုမူ ၂၀၂၀ခုနှစ်၊ မေလ (၁၈) ရက်တွင် ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ပါသည်။ အသေးစိတ်အား အောက်တွင်ပါရှိသည့် အီးဇီး၏ မန်နေးဂျင်းဒါရိုက်တာထံမှ အသင်းသားများထံ အမှာစာတွင် ဖတ်ရှုနိုင်ပါသည်။



