မြန်မာနိုင်ငံရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်းများကို စီမံကွပ်ကဲနေသည့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (FRD) မှ ပေးပို့သော Presentation (3) ခုကို အောက်ပါအတိုင်း မျှဝေပေး လိုပါသည်။ Presentation များအတွက် အတိုချုံးဖော်ပြချက်နှင့် Download Link များကို အောက်တွင် ဖော်ပြ ထားပါသည်။
ဤ Presentation သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် သတင်းပို့အဖွဲ့အစည်းများအနေနှင့် FRD သို့ တင်ပြရမည့် ကိစ္စရပ်များအကြောင်း ဖော်ပြထားပါသည်။ ထိုအထဲတွင် ငွေကြေးခဝါချမှု အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ငွေကြေးခဝါချမှု အဆင့်များနှင့် အမျိုးအစားများ (နေရာချထားမှု၊ အလွှာချထားမှု၊ ပေါင်းစည်းမှု)၊ ငွေကြေးခဝါချမှုနှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြထားပါသည်။ အဖွဲ့အစည်းသည် ဆုံးရှုံးနိုင်ချေကို အကဲဖြတ်ခြင်းနှင့် ဆုံးရှုံးနိုင်ချေကို ချဉ်းကပ်နည်းတို့ကို မည်သို့လုပ်ဆောင်သင့်သည်ကို အစိတ်အပိုင်း တစ်ခုအနေနှင့် ဖော်ပြပါရှိပါသည်။ ကာစတန်မာကိုသိရှိရေးလုပ်ငန်းစဉ်ဆိုင်ရာ အချက်အလက်များ၊ မှတ်တမ်း ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်၊ ဆုံးရှုံးနိုင်ချေမြင့်မားသည့် နိုင်ငံများ၏ အချက်အလက်များ၊ သံသယဖြစ်ဖွယ် ငွေလွှဲပြောင်းမှုအစီရင်ခံခြင်း၊ ပြစ်မှုများကို အစီရင်ခံခြင်း၊ ပြစ်မှုကျူးလွန်မှုများ၊ သတ်မှတ်ရက်အမီ အစီရင်ခံခြင်း၊ သတင်းပေးချက်နှင့် လျှို့ဝှက်ထားမှုဆိုင်ရာ အရေးကြီးမှု၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ခြင်းဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ တရားဥပဒေစိုးမိုးရေးအေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၏ အရေးကြီးမှု၊ သတင်းပို့အဖွဲ့အစည်းများမှ အာရုံစိုက်သင့်သည့် နယ်ပယ်များ (မှတ်တမ်း ထိန်းသိမ်းခြင်း၊ အစီရင်ခံခြင်း၊ CTR + STR အစီရင်ခံစာများ၊ ဝန်ထမ်းများ၏ လုံ့လဝီရိယရှိမှု၊ စဉ်ဆက်မပြတ် လေ့ကျင့်မှုများ) ကို ဖော်ပြထားပါသည်။
ဤ Presentation သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်ချက်များကို ဖော်ပြထားပါသည်။ ထို့အပြင်၊ ကုလသမ္မဂနိုင်ငံတကာဆိုင်ရာ သဘောတူညီချက်များ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့် ၎င်းတို့၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများအပြင် အဖွဲ့အစည်းများမှ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်မှုများကို လိုက်နာရန် ပျက်ကွက်ပါက ရင်ဆိုင်ရမည့် နောက်ဆက်တွဲများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုများ တိုးတက်လာစေရန်အတွက် အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှုဆောင်ရွက်သည့်ပုံစံများကို ဖော်ပြထားပါသည်။
ဤ Presentation သည် လူအများအပြားသေကြေစေသော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အချက်အလက်များကို ဖော်ပြထားပါသည်။ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
- Proliferation ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ
- Proliferation financing အမျိုးအစားများ
- Proliferation financing အဆင့်များ
- Proliferation အတွက် FATF’s (Financial Action Task Force) ၏ အကြံပြုချက်များ
- Proliferation အတွက် FATF’s (Financial Action Task Force) ၏ စံသတ်မှတ်ချက်များ
- ဆုံးရှုံးနိုင်ချေကို အကဲဖြတ်ခြင်းနှင့် ဆုံးရှုံးနိုင်ချေကို ချဉ်းကပ်နည်းကို အသုံးပြုခြင်း
- Proliferation ဆိုင်ရာ ဆုံးရှုံးနိုင်ချေများနှင့် အကျိုးဆက်များ (နိုင်ငံ/ ပထဝီဝင်အနေအထားအရ ဆုံးရှုံးနိုင်ချေ၊ လူပုဂ္ဂိုလ် / အဖွဲ့အစည်းဆိုင်ရာ ဆုံးရှုံးနိုင်ချေ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုဆိုင်ရာ ဆုံးရှုံးနိုင်ချေ)
- နိုင်ငံလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပါဝင်မှု၏အရေးပါပုံ
- CPF (including AML and CFT) တွင် ပူးပေါင်းပါဝင်သင့်သည့် အဖွဲ့အစည်းများ
- မြန်မာနိုင်ငံ၏ အပြင်အလှန်အကဲဖြတ်ရေး အစီရင်ခံစာရလဒ်
- Proliferation financing အပေါ် UNSCR TFS ၏ လတ်တလောပြောင်းလဲမှုများ
- Sanction စာရင်း (တားမြစ်ထားသောပစ္စည်းများစာရင်းအသေးစိတ်)
- Proliferation ဆိုင်ရာ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများနှင့် Sanction Evasion အတွက် Red Flags များ
- Proliferation ဆိုင်ရာ ပြည်တွင်းမူဘောင်
- သက်ဆိုင်ရာအဖွဲ့အစည်းများ၏ Proliferation ဆိုင်ရာ လမ်းညွှန်ချက်များ
- စောင့်ကြည့်စစ်ဆေးမှုပြုလုပ်သည့်လုပ်ငန်းစဉ်နှင့် ပြစ်မှုနှင့်ပြစ်ဒဏ်များ

