


















Easy Microfinance တည်ထောင်ခြင်း (၉) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို Easy Microfinance Head Office တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် Easy Microfinance ၏ ဆရာမဒေါ်ဥမ္မာလွင် (CEO) မှ ဝန်ထမ်းများအား (၉)နှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့သည့် အမှတ်တရပုံရိပ်များ၊ တိုးတက်အောင်မြင်မှုများ၊ ရောက်ရှိခဲ့သည့် ရည်မှန်းချက်ပန်းတိုင်များအကြောင်းကို နွေးထွေးစွာပြောကြားခဲ့ပါသည်။ (၉) နှစ်တာ ကာလအတွင်း ယုံကြည်စွာလက်တွဲပေးခဲ့ကြသည့် မိတ်ဟောင်း၊ မိတ်သစ် Customerများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် Easy Microfinance အနေဖြင့်လည်း ရှေ့ဆက်ပြီး ယခုထက်ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် စီးပွားရေးလုပ်ငန်းရှင်များဆီသို့ ချေးငွေများလွယ်ကူမြန်ဆန်စွာရောက်ရှိနိုင်ရေးအတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Easy Microfinance သည် ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်းပျော်ရွှင်စေရန်နှင့် ထူးချွန်သူများဖြစ်စေရန် အစဉ်အလေးထားလျှက်ရှိပါသည်။
July လ ၏ နောက်ဆုံးနေ့ဖြစ်သော လကုန်ရက်တွင် Easy Head Office နှင့် Thingangyun Branch မှ ဝန်ထမ်းများစုပေါင်း၍ July လ အတွင်းမွေးဖွားသူများအတွက် Happy Birthday, New Joiners များ အတွက် ကြိုဆိုနှုက်ဆက်ခြင်းနှင့် နှုတ်ဆက်ထွက်ခွာသွားမည့် ဝန်ထမ်းအတွက် Farewell ပွဲအား စီစဉ်ကျင်းပခဲ့ပါသည်။
အမှတ်တရအနေဖြင့် ကိတ်ခွဲခြင်းနှင့် မွေးနေ့ရှင်များအတွက်လည်း လက်ဆောင်ပစ္စည်းများပေးကာ အမှတ်တရဓာတ်ပုံများလည်း ရိုက်ကူးကြပါသည်။ တက်ရောက်သူများအားလုံးအား ကိတ်၊ ကြက်ကြော်နှင့် အအေးများဖြင့်လည်းတည်ခင်း ကျွေးမွေးခဲ့ပါသည်။
ရုံးချုပ်နှင့်ရုံးခွဲ များမှ မွေးနေ့ရှင်များသည်လည်း ပျော်ရွှင်စရာ မွေးနေ့ မွေးလဖြစ်ပါစေကြောင်းနှင့် နောင်လာမည့် ရက်ပေါင်းများစွာကိုလည်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်း ဆုတောင်းအပ်ပါသည်။
Easy Microfinance
loan #savings #microfinance
စုငွေ #ချေးငွေ
welcome
fareware
Hotline Number : 09 969701766 ( Office Hour 8:00 AM to 5:00PM )
OfficialWebsite : https://easy.com.mm/
Linkedin : https://www.linkedin.com/company/mc-easy-microfinance/
Telegram Channel: https://t.me/easysquard

