သတိထားကာကွယ် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်

သွေးလွန်တုပ်ကွေးရောဂါသည် နှစ်စဉ် မိုးရာသီတွင် သတိထားရမည့် ရောဂါဖြစ်သည်။
သွေးလွန်တုပ်ကွေးရောဂါသည် Aedes ဟုခေါ်ဆိုသည့် ခြင်အမျိုးအစားမှ သယ်ဆောင်လာသည့် Dengue Virus ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်လွယ် ရောဂါတစ်မျိုးဖြစ်သည်။
ရောဂါပိုးရှိသောခြင်ကိုက်ခံပါက ၃ရက်မှ ၁၅ရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကို ခံစားရနိုင်ပါသည်။ ကလေးသူငယ်များနှင့် အသက်အရွယ်မရွေးလူများသည် သွေးလွန်တုပ်ကွေးဖြစ်နိုင်သည်။

သွေးလွန်တုပ်ကွေးကို ကာကွယ်နိုင်မည့်နည်းလမ်းများအနေဖြင့်
ခြင်ကိုက်မခံရအောင် အထူးဂရုပြုကာကွယ်ပါ။ ခြင်ဆေးရည် သို့မဟုတ် ဖြန်းဆေးလိမ်းပါ။ ခြင်များခိုအောင်းနိုင်မည့် နေရာတွေကို စနစ်တကျစစ်ဆေးပါ။ ရေလှောင်ကန်များနှင့် ရေလက်ကျန်များကို စနစ်တကျစစ်ဆေးပါ။ လိုအပ်ပါက ဆရာဝန် အကြံပြုချက်အတိုင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပါ။ အစရှိသည့်နည်းလမ်းများဖြင့် သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ပါသည်။

Easy Microfinance

loan #savings #microfinance

စုငွေ #ချေးငွေ

mosquitoday

Hotline Number : 09 969701766 ( Office Hour 8:00 AM to 5:00 PM)
OfficialWebsite : https://easy.com.mm/
Linkedin : https://www.linkedin.com/company/mc-easy-microfinance/
Telegram Channel: https://t.me/easysquard
Viber Channel : https://shorturl.at/SewFU

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.