Easy Microfinance ၏ လစဉ်ကျင်းပမြဲဖြစ်သော ရုံးချုပ် ရုံးခွဲများရှိဝန်ထမ်းများ၏မွေးနေ့ပွဲကျင်းပခြင်း၊ အသစ်ဝင်ရောက်လာသော ဝန်ထမ်းအသစ်များအား နွေးထွေးစွာကြိုဆိုခြင်းနှင့် အားပေးစကားပြောကြားခြင်း၊ နှုတ်ဆက်ထွက်ခွာသွားမည့် ဝန်ထမ်းများအား နှုတ်ဆက်ပွဲပြုလုပ်ခြင်းများအား ဒီဇင်ဘာလ၏ ကုန်ဆုံးရက်ဖြစ်သော ယနေ့ (၃၁-၁၂-၂၀၂၅) တွင် ရုံးချုပ်နှင့် ရုံးခွဲအားလုံးမှ ဝန်ထမ်းများစုပေါင်း၍ အစဉ်အလာမပျက် ပျော်ပျော်ရွှင်ရွှင်ပူးပေါင်းပါဝင်ကျင်းပခဲ့ကြပါသည်။

ထို့ပြင် နှစ်တစ်နှစ်၏ ကုန်ဆုံးရက်ဖြစ်သောကြောင့် အမှတ်ရစရာများ၊ အောင်မြင်မှုမှတ်တိုင်များ ချန်ထားနိုင်ခဲ့သော ၂၀၂၅ ခုနှစ်အား နှုတ်ဆက်ပြီး ပိုမိုကောင်းမွန်သော နှစ်သစ် ၂၀၂၆ ခုနှစ်အား ကြိုဆိုခဲ့ကြပါသည်။

ဆရာမ ဒေါ်ဥမ္မာလွင် (CEO) မှ နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားပေးပြီး နှစ်သစ်တွင် ကောင်းမွန်သော ဝန်ဆောင်မှုအသစ်များကို အသင်းသားများအားပေးအပ်နိုင်ရေး၊ ဝန်ထမ်းအားလုံးအား ဦးဆောင်၍ နောက်တဆင့်မြင့်သည့် ပိုမိုကောင်းမွန်သော အရွေ့များထံ လျှောက်လှမ်းသွားနိုင်ရေး လမ်းစဉ်များအား ပွင့်လင်းစွာပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးမန်နေဂျာများ၊ ရုံးခွဲမန်နေဂျာများနှင့် ဌာနအသီးသီးမှ HOD/ Manager များမှ နှစ်သစ်ဆုတောင်းစကားများ ပြောပေးခဲ့ကြပါသည်။

၂၀၂၆ ခုနှစ် နှစ်သစ်အခါသမယမှာ Easy ၏ အသင်းသားများနှင့်တကွ မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ထမ်းများနှင့်တကွ မိသားစုဝင်များ၊ မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း Easy MFIမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ နှစ်သစ်မှာ ဆန္ဒနှင့်ဘဝ ထပ်တူကျပြီး စီးပွားလာဘ်လာဘများ တိုးတက်ပါစေ၊ အခက်အခဲမှန်သမျှကျော်လွှားနိင်ပြီး ပျော်ရွှင်စရာကောင်းသော နေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေ။

ပွဲကျင်းပစဉ်ပုံရိပ်များအား အမှတ်တရအနေဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Welcome Happy New Year 2026

Good Bye 2025

#Easy Microfinance

#loan#savings#microfinance

#စုငွေ#ချေးငွေ

#happybirthday

#welcometonewjoiners

#farewell

Hotline Number : 09-969731766 (Office Hour 8:00AM to5:00PM )

Official Website : https://easy.com.mm/

Facebook: https://lnkd.in/gdSGgCFR

Linkedin: https://lnkd.in/gqbApnzR

Telegram Channel: https://t.me/easysquard

Viber Channel : https://shorturl.at/SewFU

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.