🚨 အွန်လိုင်းလိမ်လည်မှုကာကွယ်ရေး – ဖတ်ပါ၊ မျှဝေပါ 🚨

အွန်လိုင်းလိမ်လည်မှုတွေ နေ့စဉ်တိုးပွားလျက်ရှိပါသည်။

ယုံကြည်လွယ်သူများသည် အလျင်စလိုယုံကြည်မိခြင်းကြောင့် ငွေများဆုံးရှုံးနေကြရသည်။

မိမိကိုယ်တိုင်နှင့်တကွ မိမိချစ်ခင်ရသည့်မိတ်ဆွေများကို ငွေကြေးလိမ်လည်မှုခံရခြင်းမှ ကာကွယ်နိုင်ရန် အဖြစ်များသောလိမ်လည်မှုများအား ဖော်ပြပေးထားပါသည်။

🔴 အွန်လိုင်း Shop ဟန်ဆောင်ခြင်း

‣‣ ဈေးချိုသော ကြော်ငြာများဖြင့် စွဲဆောင်ခြင်း၊

‣‣ စရံ‌ငွေအပြည့်တောင်းခြင်း/ စရံငွေအားဦးစွာ လွှဲခိုင်းခြင်း

‣‣ ငွေပေးပြီးနောက် စာမျက်နှာပျောက်သွားခြင်း၊

🔴 ရင်းနှီးမြှုပ်နှံမှု / ကရစ်ပ်တိုလိမ်လည်မှု

‣‣ “မြန်မြန်ဆန်ဆန် အမြတ်ရမည်” ဟု ကတိပေးခြင်း/ အယုံသွင်းခြင်း

‣‣ မိတ်ဆွေများကို ဖိတ်ခိုင်းခြင်း

‣‣ ပြင်ဆင်တည်းဖြတ်ထားသော စာရွက်စာတမ်းများ၊ ဓာတ်ပုံများဖြင့် အယုံသွင်းခြင်း။

🔴 နာမည်ကြီး ချေးငွေ ကုမ္ပဏီများဟန်ဆောင်ခြင်း

‣‣ ချေးငွေမပေးမီ “ဝန်ဆောင်ခ” သို့မဟုတ် “အပ်ငွေ” တောင်းခံခြင်း

‣‣ ကုမ္ပဏီအမည်နှင့် လိုဂိုအတုများကို အသုံးပြုခြင်း

🔴 အကောင့်ဟက်ခိုးခံရသည့် မက်ဆေ့ဂျ်များ

‣‣ “သင့်အကောင့် သော့ခတ်တော့မည်”

‣‣ OTP၊ စကားဝှက် သို့မဟုတ် လော့ဂ်အင်လင့်ခ်တောင်းခြင်း

🔴 ဆုအတု / ကံထူးရှင်ရွေးပွဲအတု

‣‣ “ဆုရပါပြီ” ဟုဆိုကာ ဆုလက်ခံရန် ကုန်ကျငွေပေးရခြင်း

✅ ဘေးကင်းစွာ ကာကွယ်နည်းများ

✔️ OTP၊ PIN၊ စကားဝှက်ကို မည်သည့်အခါမှ မမျှဝေပါနှင့်

✔️ စာမျက်နှာလုပ်ဆောင်ချက်နှင့် ဝေဖန်သုံးသပ်ချက်များကို စစ်ဆေးပါ

✔အလွန့်အကျွံကောင်းမွန်နေသော ဖိတ်ကြားချက်များကို မယုံပါနှင့်

✔ငွေမလွှဲမှီ အတည်ပြုပါ

✔သံသယရှိလျှင် – ရပ်ပြီး မေးမြန်းပါ

📢 မသေချာလျှင် ယုံကြည်ရသူတစ်ဦးကို အရင်မေးပါ။

💬 သတိပြုမှုသည် အကောင်းဆုံးကာကွယ်ရေးဖြစ်ပါသည်။

🙏 အခြားသူများကို ကာကွယ်ရန် ကျေးဇူးပြု၍ မျှဝေပေးခြင်းဖြင့် အွန်လိုင်းပေါ်မှ လိမ်လည်ခြင်းများအား သင်ကိုယ်တိုင်တားဆီးနိုင်ပါသည်။

……………………………………………………….

🚨 ONLINE SCAM AWARENESS – PLEASE READ & SHARE 🚨

Online scams are increasing every day. Many people lose money because they trust too fast. Protect yourself and your loved ones by knowing these common scam tricks:

🔴 Fake Online Shopping

Cheap prices, attractive ads

Ask for full payment first

Page disappears after payment

🔴 Fake Investment / Crypto Scam

Promise “high profit” in a short time

Ask you to invite friends

No real company or license

🔴 Fake Loan Offers

Ask for “service fee” or “deposit” before loan

Use fake company names and logos

🔴 Account Hacking Messages

“Your account will be locked”

Ask for OTP, password, or login link

🔴 Fake Prize / Lucky Draw

“You won a prize” but must pay fee to claim

✅ How to Stay Safe ✔️ Never share OTP, PIN, or password

✔️ Check page history and reviews

✔️ Don’t trust offers that sound too good

✔️ Verify before sending money

✔️ When in doubt — STOP & ASK

📢 If you are unsure, ask a trusted person first.

💬 Awareness is the best protection.

🙏 Please SHARE to protect others.

#Easy Microfinance

#loan#savings#microfinance

#စုငွေ#ချေးငွေ

Hotline Number : 09-969731766 (Office Hour 8:00AM to5:00PM )

Official Website : https://easy.com.mm/

Facebook: https://lnkd.in/gdSGgCFR

Linkedin: https://lnkd.in/gqbApnzR

Telegram Channel: https://t.me/easysquard

Viber Channel : https://shorturl.at/SewFU

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.