၂၀၂၀ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ကာ မကွေးတိုင်းဒေသကြီးရှိ အီးဇီး၏ (၆) ခုမြောက်နှင့် (၇) ခုမြောက် ရုံးခွဲများအဖြစ် ချောက်မြို့နှင့် စလင်းမြို့တို့တွင် ရုံးခွဲများဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်းနှင့် အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ယခုလက်ရှိတွင် ရုံးခွဲပေါင်း (၂၄) ခုဖြင့် အသင်းသားများအား ဝန်ဆောင်မှုများ ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါလိုပါသည်။ အသစ်ဖွင့်လှစ်လိုက်သော ရုံးခွဲနှစ်ခုမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ ချောက်၊စလင်း၊ ဆိပ်ဖြူ၊ စေတုတ္တရာမြို့များသို့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အီးဇီးရုံးခွဲအသစ်များ၏လိပ်စာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ချောက်ရုံးခွဲ – အမှတ်(၁၀၇)၊ မဟာဗန္ဓုလလမ်း၊ ဗဟိုကွက်သစ်ရပ်ကွက်၊ ချောက်မြို့၊ မကွေးတိုင်းဒေသကြီး။
စလင်းရုံးခွဲ – အမှတ်(၂၅၆)၊ စလင်း-ဆင်ဖြူကျွန်းလမ်း၊ ပုထိုးဖြူရပ်ကွက်၊ စလင်းမြို့၊ မကွေးတိုင်းဒေသကြီး။

၂၀၁၆ ခုနှစ်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သော အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ချေးငွေပေါင်း ၅၁၅၀၀၀ ကျော်၊ ပမာဏအားဖြင့် မြန်မာကျပ် ၂၁၅ ဘီလီယံခန့်ကို ထုတ်ချေးပြီးခဲ့ပြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးအတွက် တစ်တပ်တစ်အား ပါဝင်ပံ့ပိုးလျှက်ရှိပါသည်။

အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်း၏ ဝန်ဆောင်မှု၊ ရုံးခွဲတည်နေရာများနှင့် အလုပ်အကိုင်အခွင့်အရေးများကို ပိုမိုသိရှိနိုင်ရန် အီးဇီး Website (www.easy.com.mm) နဲ့ အီးဇီး Facebook page (https://www.facebook.com/easymicrofinance) တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Go to latest news

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.