ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒ

EASY MICROFINANCE သည် အကောင်းမွန်ဆုံးသော လုပ်ငန်းဆောင်ရွက်မှုများဖြင့် ရပ်တည်နေသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီ ဝန်ဆောင်မှုရယူအသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များလုံခြုံမှုကို ကာကွယ်ခြင်းနှင့်ပတ်သက်ပြီး အမြင့်ဆုံးစံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်လျှက် ရှိပါသည်။

MC EASY MICROFINANCE ကုမ္ပဏီလီမိတက်၏ ပုဂ္ဂိုလ် ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒ

 

www.easy.com.mm နှင့် ကျွန်ုပ်တို့၏ Android မိုလ်ဘိုင်းအပလီကေးရှင်းမှတစ်ဆင့် အသုံးပြုနိုင်သည့် Easy Microfinance ၏ အဓိကဦးစားပေးအချက်သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဖြစ်ပါသည်။ ဤပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒတွင် Easy Microfinance မှ စုဆောင်းရယူပြီး မှတ်တမ်းထားရှိသော အချက်အလက်အမျိုးအစားများနှင့် အသုံးပြုပုံများပါဝင်ပါသည်။

ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုခြင်း၊ အချက်အလက်များ ပိုမိုရယူလိုခြင်းတို့အတွက် info@easy.com.mm သို့ ဆက်သွယ်နိုင်ပါသည်။

ဤပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒသည် ကျွန်ုပ်တို့၏ အွန်လိုင်းဆောင်ရွက်ချက်များနှင့်သာ သက်ဆိုင် ပြီး Easy Microfinance ဝက်ဘ်ဆိုဒ်နှင့် Android မိုလ်ဘိုင်းအပလီကေးရှင်းကို အသုံးပြုသောသူများမှ မျှဝေထားသည့် အချက်အလက်များအတွက် တည်ရှိမည်ဖြစ်ပါသည်။ ဤဝက်ဘ်ဆိုဒ်မှအပ အော့ဖ်လိုင်းမှဖြစ်စေ၊ အခြားချန်နယ်များမှ ဖြစ်စေ စုဆောင်းရယူသည့် အခြားမည်သည့်အချက်အလက်နှင့်မျှ သက်ဆိုင်မှုမရှိပါ။

သဘောတူညီချက်

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်နှင့် မိုလ်ဘိုင်းအပလီကေးရှင်းကို အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒနှင့် ၎င်း၏စည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံသည်ဟု သတ်မှတ်ပါ သည်။

စုဆောင်းရယူသော သတင်းအချက်အလက်များ

လူကြီးမင်းမှ ကျွန်ုပ်တို့ထံ တိုက်ရိုက်ဆက်သွယ်လာခြင်းဖြင့်ရရှိသော လူကြီးမင်း၏အမည်၊ အီးမေးလ်လိပ်စာ၊ ဖုန်း နံပါတ်၊ လူကြီးမင်းမှ ပေးပို့လာသည့် စာတို၊ ပူးတွဲပါဖိုင်များ၏ အကြောင်းအရာများနှင့် လူကြီးမင်းက ပေးပို့ရန် ရွေးချယ်ပြီး ပေးပို့သည့် အခြားသတင်းအချက်အလက်များ။

အကောင့်ကို မှတ်ပုံတင်ဖွင့်လှစ်ပြီး အသုံးပြုပါက ထည့်သွင်းရန်လိုအပ်သည့် အမည်၊ ကုမ္ပဏီအမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ် စသည့် ဆက်သွယ်ရန်အချက်အလက်များ။

Easy Microfinance ဝက်ဘ်ဆိုဒ်မှ အောက်ပါအချက်အလက်များ စုဆောင်းရယူပါသည် –

  • အသုံးပြုသူအရေအတွက်များ
  • အွန်လိုင်းမှ ချေးငွေလျှောက်ထားရန် လူကြီးမင်းမှ ကျွန်ုပ်တို့ထံ မျှဝေသောအချက်အလက်များ

Easy Microfinance မိုလ်ဘိုင်းအပလီကေးရှင်းမှ အောက်ပါအချက်အလက်များ စုဆောင်းရယူပါသည် –

  • အပလီကေးရှင်းတွင် စာရင်းသွင်းချိန်တွင် ဖြည့်စွက်ရသည့်၊ ဘဏ်စနစ်သုံးဆော့ဖ်ဝဲလ်ရှိ ငွေလွှဲပြောင်းမှုများ၊ ချေးငွေနှင့် စုငွေအချက်အလက်များကို ကြည့်ရှုနိုင်ရန်နှင့် လူကြီးမင်းကို အတည်ပြုရာတွင် အသုံးပြုမည် ဖြစ်သည့် အချက်အလက်များ (အမည်၊ မှတ်ပုံတင်အမှတ်၊ အသင်းသားနံပါတ်၊ ဖုန်းနံပါတ်၊ လျှို့ဝက် မေးခွန်းများ)
  • လူကြီးမင်းအသုံးပြုနေသည့် အပလီကေးရှင်းဗားရှင်း
  • အသုံးပြုသည့်စက်၏ အချက်အလက်များ (OS ဗားရှင်း၊ Root လုပ်ထားခြင်းရှိမရှိ၊ လူကြီးမင်း၏တည်နေရာ)

လူကြီးမင်း၏ အချက်အလက်များကို အသုံးပြုပုံ

စုဆောင်းရယူသော အချက်အလက်များကို အောက်ပါလုပ်ဆောင်ချက်များအတွက် အသုံးပြုပါမည် –

  • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်နှင့် မိုလ်ဘိုင်းအပလီကေးရှင်းကို ထောက်ပံ့၊ လည်ပတ်၊ အသုံးပြုနိုင်စေရန်၊
    • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်နှင့် မိုလ်ဘိုင်းအပလီကေးရှင်း တိုးတက်ကောင်းမွန်လာစေရန်၊
    • ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်နှင့် မိုလ်ဘိုင်းအပလီကေးရှင်းအား လူကြီးမင်းမှ အသုံးပြုပုံကို နားလည်သဘော ပေါက်စေရန်၊
    • ထုတ်ကုန်၊ ဝန်ဆောင်မှု၊ လုပ်ဆောင်ချက်အသစ်များ ထုတ်လုပ်နိုင်ရန်၊
    • လူကြီးမင်းထံ တိုက်ရိုက်ဖြစ်စေ၊ မိတ်ဖက်တစ်ဦးဦးထံမှဖြစ်စေ ဆက်သွယ်ပြီး Customer Service ဆိုင်ရာ ဝန်ဆောင်မှု၊ ဝက်ဘ်ဆိုဒ်နှင့် မိုလ်ဘိုင်းအပလီကေးရှင်းဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ၊ အခြားဆက် စပ်နေသည့် အချက်အလက်များအား အသိပေးအကြောင်းကြားရန်၊ ဈေးကွက်မြှင့်တင်ရေးအတွက် အသုံး ပြုရန်၊
    • အီးမေးလ်များပေးပို့ရန်၊
    • အလွဲသုံးစားဖြစ်ပွားမှုများကို ရှာဖွေဖော်ထုတ်ကာကွယ်ရန်။

လော့ဂ်ဖိုင်များ   

လော့ဂ်ဖိုင်များအသုံးပြုခြင်းအတွက် Easy Microfinance မှ သတ်မှတ်ထားသော လုပ်ငန်းစဉ်အတိုင်း လိုက်နာဆောင် ရွက်ပါမည်။ ဤဖိုင်များသည် အသုံးပြုသူများမှ ဝက်ဘ်ဆိုဒ်များကို ဝင်ရောက်လေ့လာသည့်အချိန်တွင် အသုံးပြုသူများ အား မှတ်တမ်းယူထားသည့် ဖိုင်များဖြစ်ပါသည်။ Hosting Companies များအားလုံးမှ ဤလုပ်ဆောင်ချက်ကို Hosting Services ၏ စိစစ်လေ့လာချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ဆောင်ကြပါသည်။ လော့ဂ်ဖိုင်များမှာ ရယူသည့် အချက်အလက်များတွင် အင်တာနက်ပရိုတိုကော (IP) လိပ်စာများ၊ ဘရောက်ဇာအမျိုးအစားများ၊  Internet Service Provider (ISP)၊ အချိန်နှင့် ရက်စွဲ၊ နောက်ဆုံးဝင်ရောက်သည့် စာမျက်နှာများ၊ ခလုတ်နှိပ်သည့်အကြိမ်အရေ အတွက်တို့ ပါဝင်ပါသည်။ ဤအချက်အလက်များသည် ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် ချိတ်ဆက်မှုမရှိပါ။ လမ်း ကြောင်းများကို စိစစ်အကဲဖြတ်ခြင်း၊ ဆိုဒ်ကို စီမံခန့်ခွဲခြင်း၊ ဝက်ဘ်ဆိုဒ်ကို အသုံးပြုသူများ၏ လုပ်ဆောင်ချက်များကို လေ့လာခြင်း၊ ဒီမိုဂရပ်ဖစ်များကို စုဆောင်းခြင်းများအတွက် ရည်ရွယ်ပါသည်။

ကြော်ငြာမိတ်ဖက်များ၏ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒများ  

Easy Microfinance ၏ ကြော်ငြာမိတ်ဖက်တစ်ခုချင်းစီအတွက် ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒကို ရှာဖွေတွေ့ရှိရန် အကြံဉာဏ်ရယူနိုင်သည်။

တတိယကြားခံ ကြော်ငြာဆာဗာများ (သို့) ကြော်ငြာနက်ဝပ်များသည်  ကွတ်ကီး (Cookies)၊ JavaScript၊  Web Beacons စသည့်နည်းပညာများကို အသုံးပြုပြီး ၎င်းတို့၏ကြော်ငြာများနှင့်လင့်ခ်များကို Easy Microfinance တွင် ပြသပေးပြီး အသုံးပြုသူများ၏ ဘရောက်ဇာသို့ တိုက်ရိုက်ပေးပို့ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် လူကြီးမင်း၏ IP Address ကို ၎င်းတို့မှ တိုက်ရိုက်ရရှိမည်ဖြစ်ပြီး ဤနည်းပညာသည် လူကြီးမင်းမှ သွားရောက်လေ့လာသည့် ဝက်ဘ်ဆိုဒ်များတွင် လူကြီးမင်းမှ သိရှိလိုသည့်အကြောင်းအရာကို ကြော်ငြာရန် (သို့) ၎င်းတို့ကြော်ငြာမှု၏ ထိရောက် မှုကို တိုင်းတာရန် အသုံးပြုခြင်းဖြစ်သည်။

တတိယကြားခံအဖွဲ့အစည်းများက အသုံးပြုသည့် ကွတ်ကီး (Cookies) များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ Easy Microfinance တွင် ထိန်းချုပ်ရယူခွင့်မရှိကြောင်း သတိပြုစေလိုပါသည်။

တတိယကြားခံအဖွဲ့အစည်းများ၏ ပုဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒများ

Easy Microfinance ၏ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒသည် အခြားသော ကြော်ငြာများ၊ ဝက်ဘ်ဆိုဒ် များနှင့် မသက်ဆိုင်ပါ။ ထို့ကြောင့် အဆိုပါတတိယကြားခံအဖွဲ့အစည်းများ၏  ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင် ရာမူဝါဒများအတွက် အသေးစိတ်အချက်အလက်များကို တတိယကြားခံအဖွဲ့အစည်းဖြစ်သည့် ကြော်ငြာဆာဗာများ နှင့်သာဆွေးနွေးရန် အကြံပြုပါသည်။  ၎င်းတို့ထံတွင် အချို့လုပ်ဆောင်ချက်များကို ရပ်စဲနိုင်မည့် လမ်းညွှန်ချက်များနှင့် လုပ်ဆောင်ချက်များကိုလည်း တွေ့ရှိနိုင်ပါလိမ့်မည်။

လူကြီးမင်း၏ ဘရောက်ဇာမှတစ်ဆင့် ကွတ်ကီး(Cookies)များကို လက်မခံရန် ရွေးချယ်နိုင်ပါသည်။ ဘရောက်ဇာ များရှိ ကွတ်ကီး (Cookies) များ စီမံခန့်ခွဲမှုအတွက် အသေးစိတ်အချက်အလက်များကို ဘရောက်ဇာများနှင့် သက်ဆိုင်သော ဝက်ဘ်ဆိုဒ်များတွင် တွေ့ရှိနိုင်ပါသည်။

ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ အခွင့်အရေးများ (ကျွန်ုပ်၏ ပုဂ္ဂိုလ်ရေးအချက်အလက် များကို မရောင်းချပါနှင့်။)

ကယ်လီဖိုးနီးယား စားသုံးသူကာကွယ်ရေးအက်ဥပဒေအရ စားသုံးသူများတွင် အောက်ပါအခွင့်အရေးများ ရှိမည် ဖြစ်သည် –

စားသုံးသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းရယူသည့်လုပ်ငန်းအား စုဆောင်းရယူသည့် ပုဂ္ဂိုလ်ရေး အချက်အလက် အမျိုးအစားနှင့် မည်သို့သော အချက်အလက်ရယူသည်ကို ထုတ်ဖော်ပြောကြားရန် တောင်းဆိုခြင်း

စားသုံးသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စုဆောင်းရယူသည့် လုပ်ငန်းအား စားသုံးသူ၏ ပုဂ္ဂိုလ်ရေးအချက် အလက်များကို ပယ်ဖျက်ရန် တောင်းဆိုခြင်း

စားသုံးသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ရောင်းချသည့် လုပ်ငန်းအား စားသုံးသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက် များကို ရောင်းချခြင်းမပြုလုပ်ရန် တောင်းဆိုခြင်း

လူကြီးမင်းဖက်မှ တောင်းဆိုမှုပြုလုပ်ပါက ကျွန်ုပ်တို့မှ တစ်လအတွင်း ပြန်လည်တုံ့ပြန်ဖြေရှင်းပေးပါမည်။ အထက် ဖော်ပြပါအတိုင်း တစ်စုတစ်ရာ တောင်းဆိုလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

အချက်အလက်များအား ကာကွယ်မှုဆိုင်ရာ အခွင့်အရေးများ   

လူကြီးမင်း၏အချက်အလက်များနှင့်ပတ်သက်ပြီး အကာအကွယ်ပေးထားသည့် အခွင့်အရေးများအားလုံးကို လူကြီး မင်းမှ သေချာစွာ နားလည်သဘောပေါက်သိရှိမည်ဟု မျှော်လင့်ပါသည်။ အသုံးပြုသူအားလုံးတွင် အောက်ပါအခွင့် အရေးများ ရှိမည်ဖြစ်ပါသည် –

ရယူခွင့် – လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ၏ မိတ္တူကို တောင်းဆိုခွင့်ရှိသည်။ ဤဝန်ဆောင်မှုကို ဝန်ဆောင်ခအနည်းငယ်ဖြင့် ဆောင်ရွက်ပေးနိုင်ပါမည်။

ပြင်ဆင်ခွင့် – မှန်ကန်မှုမရှိဟုယူဆသော အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခွင့်ရှိသည်။ ပြည့်စုံမှု မရှိဟုယူဆသောအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပေးရန် တောင်းဆိုခွင့်ရှိသည်။

ပယ်ဖျက်ခွင့် – အချို့အခြေအနေများတွင် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ပယ်ဖျက်ရန် တောင်းဆိုခွင့် ရှိသည်။

ကန့်သတ်ခွင့် – အချို့အခြေအနေများတွင် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား အသုံးပြုမှုကို ကန့်သတ် ရန် တောင်းဆိုခွင့်ရှိသည်။

ကန့်ကွက်ခွင့် – အချို့အခြေအနေများတွင် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား အသုံးပြုမှုကို ကန့်ကွက် ရန် တောင်းဆိုခွင့်ရှိသည်။

အချက်အလက်များ လွှဲပြောင်းခွင့် – အချို့အခြေအနေများတွင် ကျွန်ုပ်တို့မှ စုဆောင်းရယူထားသော လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အခြားအဖွဲ့အစည်းသို့ဖြစ်စေ၊ လူကြီးမင်းထံတိုက်ရိုက်ဖြစ်စေ လွှဲပြောင်းပေးရန် တောင်းဆိုခွင့်ရှိသည်။

လူကြီးမင်းဖက်မှ တောင်းဆိုမှုပြုလုပ်ပါက ကျွန်ုပ်တို့မှ တစ်လအတွင်း ပြန်လည်တုံ့ပြန်ဖြေရှင်းပေးပါမည်။ အထက် ဖော်ပြပါအတိုင်း တစ်စုတစ်ရာ တောင်းဆိုလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

ကလေးသူငယ်များ၏ အချက်အလက်များ

ကျွန်ုပ်တို့ဦးစားပေးမှုများထဲမှ တစ်ခုသည် ကလေးသူငယ်များအား အင်တာနက်အသုံးပြုစဉ်အတွင်း အကာအကွယ် ပေးခြင်းဖြစ်သည်။ ကလေးသူငယ်များ၏ မိဘများ၊ စောင့်ကြပ်ထိန်းသိမ်းသူများအား ၎င်းတို့၏ အွန်လိုင်းအသုံးပြုမှုကို အတူတကွ စောင့်ကြည့်စစ်ဆေးရန် တိုက်တွန်းလိုပါသည်။

Easy Microfinance အနေနှင့် အသက် (၁၃) နှစ်အောက် ကလေးသူငယ်များထံမှ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကြိုတင်သိရှိခြင်းမရှိဘဲ ရယူထားခြင်းဖြစ်ပေါ်နိုင်သောကြောင့် လူကြီးမင်းအနေဖြင့် မိမိ၏ကလေးမှ အဆိုပါအချက် အလက်များကို ကျွနု်ပ်တို့၏ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာခြင်းကို သိရှိပါက ကျွန်ုပ်တို့၏မှတ်တမ်းများထဲမှ ဖယ်ရှားမှုများ ချက်ချင်းပြုလုပ်ပေးနိုင်ရန်အတွက် ကျွန်ုပ်တို့ထံ ချက်ချင်းအသိပေးအကြောင်းကြားရန် အထူးသဖြင့် အသိပေးလိုပါ သည်။

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.