ဝန်ဆောင်မှုများ

အသင်းသားများ စိတ်ကျေနပ်မှု အပြည့်အဝရရှိရေးသည် ကျွန်ုပ်တို့ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအတွက် အရေးအပါဆုံး ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းစီမံခန့်ခွဲသူများမှ ကာစတန်မာ တစ်ယောက်ချင်းစီတိုင်း စိတ်ကျေနပ်မှုရရှိစေရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

မေးခွန်းများအတွက်

အကယ်၍ သင့်မှာ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်း (သို့မဟုတ်) ချေးငွေဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက ဤနေရာကိုကလစ်နှိပ်၍ အနီးစပ်ဆုံး ရုံးခွဲကိုရှာဖွေ၍သော်လည်းကောင်း၊ ဖုန်းခေါ်၍သော်လည်းကောင်း၊ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အမေးများသောမေးခွန်းများ

အဆင်မပြေမှုများအတွက်

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း သည်အသင်းသားများ၏ ပြဿနာ၊ အခက်အခဲများ၊ တိုင်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းပေးနိုင်ရန် စီစဉ်ထားပါသည်။ အဆင်မပြေမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများမှ တိုင်ကြားမှုအချက်အလက်များကို စုစည်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး အသင်းသား၏ တိုင်ကြားမှုများကို တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက် အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ရုံးချုပ်သို့ အောက်ပါနည်းလမ်းတို့ဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပါသည်။

အီးဇီး Helpline သို့ ဖုန်းခေါ်ဆိုခြင်း

အီးဇီး Helpline 099-69701766 သို့ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။

အီးမေးလ်ပေးပို့ခြင်း

complaint@easy.com.mm
သို့ အီးမေးလ်ပေးပို့ အကြောင်းကြားနိုင်ပါသည်။

စာရေးအကြောင်းကြားခြင်း

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း ရုံးချုပ်လိပ်စာသို့ အောက်ပါအတိုင်း လိပ်မူ၍အကြောင်းကြားနိုင်ပါသည်။
သို့/ ESG Officer
အမှတ် (၈၅၃)၊ ကျော်သူ (၂၂) လမ်း၊(၉) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့

တိုင်ကြားမှုများနှင့်ပတ်သက်၍ သတင်းပေးပို့သူများအား ထိခိုက်မှု တစ်စုံတစ်ရာ မရှိစေရန်နှင့် အပြစ်ပြုသူအား သက်ညှာမှုမရှိဘဲ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းမှ အာမခံပါသည်။

တိုင်ကြားမှုများနှင့် ပြန်လည်ဖြေရှင်းချက်များအား တိုင်ကြားမှုစာရင်းတွင် တိကျသေချာစွာ စာရင်းသွင်း ထားမည်ဖြစ်ပါသည်။

လုပ်ငန်းလည်ပတ်ရေးအဖွဲ့မှ တိုင်ကြားမှုများအား အလုပ်ဖွင့်ရက် (၅) ရက် အတွင်း စုံစမ်းအရေးယူပေးမည်ဖြစ်ပြီး ဖြေရှင်းချက်ရရှိသည်နှင့် သင့်အား အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ အသင်းသားများကို သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် တိုင်ကြားချက်များကို လေ့လာ သုံးသပ်ခြင်းများအား စီမံခန့်ခွဲရေးအဖွဲ့နှင့်အတူ ရုံးတွင်းအသေးစိတ် ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ပါသည်။

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း၏ တိုင်ကြားသူများအားကာကွယ်ရေးမူဝါဒကို ဤ လင့်ခ် မှတစ်ဆင့် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.