မေးလေ့ရှိသောမေးခွန်းများ
ကျွန်ုပ်တို့ဆီသို့ သင်မေးချင်သောမေးခွန်းများ မမေးမြန်းခင် ကျွန်ုပ်တို့ဘက်မှ ဖြေဆိုပေးထားပြီးသော မေးခွန်းနှင့် အဖြေများကို လေ့လာကြည့်ပါ (သို့) သင်နှင့် အနီးဆုံးရှိ အီးဇီးအသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းနေရာကို ဤနေရာကို နှိပ်၍ရှာဖွေပါ (သို့) ဖုန်းနှင့် လည်းကောင်း ၊ အီးမေးလ်းပေးပို့၍လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
အလွန်လွယ်ကူပါသည်။ ပထမဦးစွာ သင်နှင့်ကိုက်ညီသော ချေးငွေအမျိုးအစားကို ရွေးချယ်အတည်ပြုပါ။ ရွေးချယ်ပြီးပါက သင်နှင့် အနီးဆုံးရှိ အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှာ ချေးငွေလျှောက်ထားရယူပါ။ (သို့) အဖွဲ့လိုက်ချေးငွေအတွက် အွန်လိုင်းမှတဆင့် လျှောက်ထားရန် ဤနေရာကိုနှိပ်ပါ၊ တစ်ဦးချင်းချေးငွေအတွက်အွန်လိုင်းမှတဆင့် လျှောက်ထားရန် ဤနေရာကိုနှိပ်ပါ။
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ချေးငွေ ရယူရန် အာမခံ ပစ္စည်း မလိုအပ်ပါ။
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ချေးငွေရယူသည့်အခါ ချေးငွေပမာဏ၏ (၅) ရာခိုင်နှုန်းကို မဖြစ်မနေ စုရမည်ဖြစ်သည်။ တစ်နှစ်လျှင် အဆိုပါ စုငွေ၏ (၁၄)ရာခိုင်နှုန်းကို အတိုးရရှိမည်ဖြစ်သည်။အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းအနေနှင့် များမကြာမီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အပ်ငွေလိုင်စင်ကို တရားဝင် ရရှိတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွင် ငွေစုအကောင့်ဖွင့်ပြီး အထူးအတိုးနှုန်းများကို စံစားနိုင်မည်ဖြစ်သည်။
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် ချေးငွေ ရယူသူ၏ စီးပွားရေးလိုအပ်ချက်နှင့် အညီ ပြန်လည်ပေးဆပ်နိုင်သော ငွေကြေးပမာဏများ ဖြစ်စေရန် စီစဉ်ထားရှိပါသည်။ ချေးငွေရယူသူ၏ လုပ်ငန်းတိုးတက်စေရန် ရည်ရွယ်ပြီး ပြန်လည်ပေးဆပ်ရန် အခက်အခဲမရှိနိုင်သော ငွေကြေးပမာဏများ ဖြစ်စေရန်လည်း စီစဉ်ထားရှိပါသည်။ ထို့ကြောင့် တစ်ခါတစ်ရံတွင် လျှောက်ထားသည့် ချေးငွေ ပမာဏထက် လျော့နည်းနိုင်ပါသည်။
ကျွန်ုပ်တို့နှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ပြီးသည့်နောက်တွင်တော့ ချေးငွေအသစ် ထပ်မံရယူချိန်တွင် ချေးငွေပမာဏ ပိုမိုရရှိနိုင်ပါသည်။
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှ ချေးငွေရယူရန် ကိုက်ညီသည့် မည်သူကိုမဆို ဝန်ဆောင်မှုပေးရန် ကျွန်ုပ်တို့အနေနှင့် အသင့်ရှိနေပြီး မိတ်ဆွေ အသိရှိရန် မလိုအပ်ပါ။ ကော်မရှင်ခ ပေးရန်လည်း မလိုပါ။
အီးဇီး အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းအနေနှင့် အဖွဲ့လိုက်ချေးငွေကို အသေးစားလုပ်ငန်းများအတွက် ရည်ရွယ်ပြီး အဖွဲ့ဝင်တစ်ဦးလျှင် ကျပ်ငွေ ၁ သိန်းမှ ၁၀ သိန်းအထိ လျှောက်ထားရယူနိုင်ပါသည်။ တစ်ဦးချင်းချေးငွေသည် လုပ်ငန်းငယ်များအတွက် ရည်ရွယ်ထားပြီး ကျပ်ငွေ ၁၀ သိန်းမှ ကျပ်ငွေ ၁၀၀ သိန်းအထိ လျှောက်ထားရယူနိုင်ပါသည်။
အဖွဲ့လိုက်ချေးငွေအတွက် အဖွဲ့ဝင်အချင်းချင်း ယုံကြည်ရ၍ အာမခံနိုင်သော အဖွဲ့ဝင် အနည်းဆုံး ငါးယောက်မှ အများဆုံးဆယ်ယောက်အထိ ရှိရန်လိုအပ်ပြီး တစ်ဦးချင်း ချေးငွေအတွက် လျှောက်ထားလိုပါက လုံလောက်သောဝင်ငွေရှိသည့် အာမခံပေးသူ လိုအပ်ပါသည်။
ပေးသွင်းရန်ကျန်သည့်ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်းကို လစဉ်အတိုးအနေနှင့် ပေးသွင်းရမည်ဖြစ်သည်။ ချေးငွေကြာမြင့်ချိန်ပေါ် မူတည်၍ ဝန်ဆောင်ခကို ပေးသွင်းရမည်ဖြစ်သည်။
ဝန်ဆောင်ခ နှုန်းထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၆လစာငွေကြေးချေးယူခြင်း | ၁.၀ ရာခိုင်နှုန်း |
၉လစာငွေကြေးချေးယူခြင်း | ၁.၅ ရာခိုင်နှုန်း |
၁၂လစာငွေကြေးချေးယူခြင်း | ၂.၀ ရာခိုင်နှုန်း |
၁၅လစာငွေကြေးချေးယူခြင်း | ၂.၅ရာခိုင်နှုန်း |
၁၈လစာငွေကြေးချေးယူခြင်း | ၃.ဝရာခိုင်နှုန်း |
၂၁လစာငွေကြေးချေးယူခြင်း | ၃.၅ရာခိုင်နှုန်း |
၂၄လစာငွေကြေးချေးယူခြင်း | ၄ ရာခိုင်နှုန်း |