အီးဇီး အပလီကေးရှင်း

Easy Microfinance အသင်းသားများအတွက် အွန်လိုင်းအသုံးပြုဘဏ်စနစ်

 

Easy Microfinance မှ မိမိ၏အသင်းသားများ Android Smart Phone မှတစ်ဆင့် အသုံးပြုနိုင်မည့် အပလီကေးရှင်းတစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးအကြောင်းကြားလိုပါသည်။ ဤအပလီကေးရှင်းမှတစ်ဆင့် မိမိ၏ချေးငွေ၊ မဖြစ်မနေစုငွေ ပမာဏနှင့် ငွေလွှဲပြောင်းမှုဆောင်ရွက်ချက်ဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးနိုင်မည်ဖြစ်ပြီး အသင်းသားမှ ငွေလွှဲပြောင်းမှုလုပ်ဆောင်သည့်အချိန်တိုင်းတွင် မိမိဖုန်းမှတစ်ဆင့် အသိပေးအကြောင်းကြားမှုများကိုလည်း လက်ခံရရှိမည်ဖြစ်ပါသည်။ ဤအပလီကေးရှင်းတွင် Easy Microfinance နှင့် ၎င်း၏ဝန်ဆောင်မှုများဆိုင်ရာ အကြာင်းအရာများပါဝင်ပြီး ချေးငွေလျှောက်ထားရန် လိုအပ်ချက်များနှင့် အနီးဆုံးရုံးခွဲများ၊ အေးဂျင့်များ၏ တည်နေရာများလည်း ပါဝင်ပါသည်။ ထို့အပြင် အေးဂျင့်များထံတွင် ချေးငွေပြန်လည်ပေးသွင်းမှုများ ပြုလုပ်ရန်အတွက်လည်း ဤအပလီကေးရှင်းကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မည်သို့ အသုံးပြုနိုင်ပါမည်လဲ။

  1. Easy App ကို အောက်ပါ လင့်ခ်, မှတစ်ဆင့် Google Playstore မှ (သို့) ဤဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် လင့်ခ် မှ တိုက်ရိုက် Download ပြုလုပ်ပါ။
  2. App ကိုမိမိဖုန်းတွင် Install ပြုလုပ်ပါ။
  3. Install ပြုလုပ်ပြီးပါက App ကို ဖွင့်ပါ။
  4. ဝန်ဆောင်မှုကို အသုံးပြုရန် မှတ်ပုံတင်ပါ။ လူကြီးမင်း၏ အချက်အလက်များနှင့် Easy Microfinance အသင်းသားအိုင်ဒီကို ဖြည့်စွက်ရန် လိုအပ်ပါသည် – တစ်ဦးချင်းချေးငွေအသင်းသားများအနေဖြင့် မိမိတို့ လက်မှတ်ထိုးထားသည့် ချေးငွေပြန်လည်ပေးသွင်းရမည့်အစီအစဉ်၏အောက်တွင်ဖော်ပြထားသည့် (အသင်းသားအိုင်ဒီ)၊ အဖွဲ့လိုက်ချေးငွေအသင်းသားများအနေဖြင့် အဖွဲ့အမည်၏အောက်ဖက်၊ အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ချေးငွေပြန်လည်ပေးသွင်းရမည့် အစီအစဉ်၏ အပေါ်တွင် ဖော်ပြထားသည့် (အဖွဲ့ဝင်အိုင်ဒီ) တို့ကို ဖြည့်စွက်ရပါမည်။
  5. ထို့နောက် App ကို အသုံးပြုနိုင်ပါပြီ။

 

App အား Installation ပြုလုပ်ခြင်းနှင့် အသုံးပြုပုံ အဆင့်ဆင့်

App အား Installation ပြုလုပ်ခြင်းနှင့် အသုံးပြုပုံ အဆင့်ဆင့်အတွက်  ဤနေရာ ကို နှိပ်ပါ။

အကူအညီလိုအပ်နေပါသလား?

လွတ်လပ်စွာမေးမြန်းပါ
မေးခွန်းများအတွက်

အကယ်၍ သင့်မှာ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်း(သို့မဟုတ်) ချေးငွေဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက ဤနေရာကိုကလစ်နှိပ်၍ အနီးစပ်ဆုံး ရုံးခွဲကိုရှာဖွေ၍သော်လည်းကောင်း၊ ဖုန်းခေါ်၍သော်လည်းကောင်း၊ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အသင်းသား ဝန်ဆောင်မှုများကြည့်ရန်  
အဆင်မပြေမှုများအတွက်

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း သည်အသင်းသားများ၏ ပြဿနာ၊ အခက်အခဲများ၊ တိုင်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းပေးနိုင်ရန် စီစဉ်ထားပါသည်။ အဆင်မပြေမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများမှ တိုင်ကြားမှုအချက်အလက်များကို စုစည်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး အသင်းသား၏ တိုင်ကြားမှုများကို တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက်  
မေးလေ့ရှိသောမေးခွန်းများ

ကျွန်ုပ်တို့ဆီသို့ မမေးမြန်းခင် သင်မေးချင်သောမေးခွန်းရဲ့ အဖြေကို ကျွန်ုပ်တို့ဘက်မှ ဖြေဆိုပေးထားပြီးခြင်း ရှိ၊ မရှိကို စစ်ဆေးကြည့်ပါ။

မေးခွန်းများကြည့်ရန်  

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.