စုငွေဝန်ဆောင်မှုများ

မဖြစ်မနေစုဆောင်းငွေ

မဖြစ်မနေ စုဆောင်းငွေဆိုသည်မှာ ချေးငွေထုတ်သည့် အခါတိုင်း မဖြစ်မနေ စုဆောင်းရသည့် စုငွေအမျိုးအစား ဖြစ်ပါသည်။၎င်း စုငွေ၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင်များအနေဖြင့် ကောင်းမွန်သော ငွေစုဆောင်းသည့် အလေ့အကျင့်ကောင်းများ ရှိလာစေရန်နှင့် အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်သည့် အရင်းအမြစ်တစ်ခု ဖြစ်လာစေရန် ဖြစ်ပါသည်။

 

စုဆောင်းငွေပမာဏ အတိုးနှုန်း စုဆောင်းငွေကာလ
ချေးငွေ၏ ၅% တစ်နှစ်လျှင် ၁၄% ချေးငွေကာလအတိုင်း
စိတ်ကြိုက်စုဆောင်းငွေ

မိမိ ဆန္ဒအလျောက် စုဆောင်းငွေ(စိတ်ကြိုက် စုဆောင်းငွေ) ဆိုသည်မှာ ငွေကြေးများကို မိမိစိတ်ကြိုက် အချိန်မရွေး ထည့်သွင်းခြင်းနှင့် ပြန်လည်ထုတ်ယူခြင်းတို့ကို ပြုလုပ်နိုင်သည့် လိုက်လျောညီထွေရှိသော စုငွေအမျိုးအစား ဖြစ်ပါသည်။ ၎င်း စုငွေသည် ငွေကြေးစီးဆင်းမှု လွယ်ကူစေရုံသာမက ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချမှုကိုလည်း ပေးစွမ်းနိုင်ပါသည်။

 

စုဆောင်းငွေပမာဏ အတိုးနှုန်း စုဆောင်းငွေကာလ
ကျပ် ၁,၀၀၀ – ၂၀,၀၀၀,၀၀၀ တစ်နှစ်လျှင် ၁၁% သက်တမ်း မသတ်မှတ်ထားပါ။

အကူအညီလိုအပ်နေပါသလား?

လွတ်လပ်စွာမေးမြန်းပါ
မေးခွန်းများအတွက်

အကယ်၍ သင့်မှာ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်း(သို့မဟုတ်) ချေးငွေဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက ဤနေရာကိုကလစ်နှိပ်၍ အနီးစပ်ဆုံး ရုံးခွဲကိုရှာဖွေ၍သော်လည်းကောင်း၊ ဖုန်းခေါ်၍သော်လည်းကောင်း၊ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အသင်းသား ဝန်ဆောင်မှုများကြည့်ရန်  
အဆင်မပြေမှုများအတွက်

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း သည်အသင်းသားများ၏ ပြဿနာ၊ အခက်အခဲများ၊ တိုင်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းပေးနိုင်ရန် စီစဉ်ထားပါသည်။ အဆင်မပြေမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများမှ တိုင်ကြားမှုအချက်အလက်များကို စုစည်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး အသင်းသား၏ တိုင်ကြားမှုများကို တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက်  
မေးလေ့ရှိသောမေးခွန်းများ

ကျွန်ုပ်တို့ဆီသို့ မမေးမြန်းခင် သင်မေးချင်သောမေးခွန်းရဲ့ အဖြေကို ကျွန်ုပ်တို့ဘက်မှ ဖြေဆိုပေးထားပြီးခြင်း ရှိ၊ မရှိကို စစ်ဆေးကြည့်ပါ။

မေးခွန်းများကြည့်ရန်  

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.