ongo_logo
Nearmelogo

ဒစ်ဂျစ်တယ်ဝေါလက်များ အသုံးပြုပြီး ချေးငွေပြန်လည်ပေးသွင်းရန်အတွက် လမ်းညွှန် :

Easy Microfinance သည် KBZ PayAYA Pay Wave Money   တို့ဖြင့်ပူးပေါင်းပြီး အသင်းသားများ ၎င်းတို့အနီးအနားရှိ KBZ Pay ၊ AYA Pay (သို့) Wave Money အေးဂျင့်များထံတွင် Easy ချေးငွေများအတွက် ငွေပြန်လည်ပေးသွင်းမှုများ ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ထားရှိပါသည်။ အသင်းသားများသည် ချေးငွေပြန်လည်ပေးသွင်းရန်အတွက် အီးဇီးရုံးခွဲများသို့ သွားရောက်ရန် လိုအပ်တော့မည်မဟုတ်ပဲ အချိန်ကုန်ငွေကုန် သက်သာစေမည်ဖြစ်ပါသည်။ ဤဝန်ဆောင်မှုအား KBZ Pay ၊ AYA Pay (သို့) Wave Money   မှ သတ်မှတ်ထားသော ဝန်ဆောင်ခအတိုင်း ပေးသွင်းပြီး အသုံးပြုနိုင်ပါသည်။

မည်သို့ပေးသွင်းနိုင်ပါသလဲ။

KBZ Pay ၊ AYA Pay (သို့) Wave Money  တို့၏ တရားဝင်အမှတ်တံဆိပ်များ တပ်ဆင်ဖော်ပြထားသည့် အေးဂျင့်များမှတစ်ဆင့် ပေးသွင်းနိုင်ပါသည်။

 

အေးဂျင့်ထံတွင် ချေးငွေပြန်လည်ပေးသွင်းမှု ဆောင်ရွက်နိုင်ရန်အတွက် Easy Microfinance မှ အိုင်ဒီနံပါတ် ရှိရန်လိုအပ်ပါသည်။

    • တစ်ဦးချင်းချေးငွေအသင်းသားများအနေဖြင့် အဆိုပါနံပါတ် (အသင်းသားအိုင်ဒီ) အား မိမိတို့ လက်မှတ်ထိုးထားသည့် ချေးငွေပြန်လည်ပေးသွင်းရမည့်အစီအစဉ်၏အောက်တွင် တွေ့နိုင်ပါသည်။
    • အဖွဲလိုက်ချေးငွေအသင်းသားများအနေဖြင့် အဆိုပါနံပါတ် (အဖွဲ့ဝင်အိုင်ဒီ) အား အဖွဲ့အမည်၏အောက်ဖက်၊ အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ချေးငွေပြန်လည်ပေးသွင်းရမည့် အစီအစဉ်၏ အပေါ်တွင် တွေ့နိုင်ပါသည်။ သတိပြုရန်မှာ အဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ချေးငွေပြန်လည်ပေးသွင်းမှုများကို အေးဂျင့်များထံတွင် မိမိကိုယ်တိုင် ပြုလုပ်နိုင်ပြီး အဖွဲ့ခေါင်းဆောင်မှ အဖွဲ့ဝင်များအတွက် ငွေသွင်းမည်ဆိုပါက ငွေပေးသွင်းမည့်အဖွဲ့ဝင်၏အိုင်ဒီကို ယူဆောင်လာရန် လိုအပ်ပါသည်။

လူကြီးမင်း၏ ချေးငွေပြန်လည်ပေးသွင်းရန် ဆောင်ရွက်မှု ပြီးစီးပါပြီ။

အေးဂျင့်တည်နေရာများ

Ongo အေးဂျင့်များကို အောက်ပါတည်နေရာများတွင် တွေ့နိုင်ပါသည်။

NearMe အေးဂျင့်များကို အောက်ပါတည်နေရာများတွင် တွေ့နိုင်ပါသည်။

အကူအညီလိုအပ်နေပါသလား?

လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်
မေးခွန်းများအတွက်

အကယ်၍ သင့်မှာ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်း(သို့မဟုတ်) ချေးငွေဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက ဤနေရာကိုကလစ်နှိပ်၍ အနီးစပ်ဆုံး ရုံးခွဲကိုရှာဖွေ၍သော်လည်းကောင်း၊ ဖုန်းခေါ်၍သော်လည်းကောင်း၊ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အသင်းသား ဝန်ဆောင်မှုများကြည့်ရန်  
အဆင်မပြေမှုများအတွက်

အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း သည်အသင်းသားများ၏ ပြဿနာ၊ အခက်အခဲများ၊ တိုင်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းပေးနိုင်ရန် စီစဉ်ထားပါသည်။ အဆင်မပြေမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများမှ တိုင်ကြားမှုအချက်အလက်များကို စုစည်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး အသင်းသား၏ တိုင်ကြားမှုများကို တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။

အဆင်မပြေမှုများအတွက်  
မေးလေ့ရှိသောမေးခွန်းများ

ကျွန်ုပ်တို့ဆီသို့ မမေးမြန်းခင် သင်မေးချင်သောမေးခွန်းရဲ့ အဖြေကို ကျွန်ုပ်တို့ဘက်မှ ဖြေဆိုပေးထားပြီးခြင်း ရှိ၊ မရှိကို စစ်ဆေးကြည့်ပါ။

မေးခွန်းများကြည့်ရန်  

© 2019 MC Easy Microfinance Company Limited.

© 2019 MC Easy Microfinance Company Limited.