လွယ်ကူလျင်မြန်စွာ
သင့်ရဲ့ စိတ်ကူးထဲက စီးပွားရေးကိုသာ အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ ငွေရေးကြေးရေးအတွက် ကျွန်ုပ်တို့ရှိပါသည်။
ကြိုဆိုပါ၏။
အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနထံမှ တရား ဝင်လုပ်ငန်းလိုင်စင်ရရှိထားသည့် အသေးစားငွေရေးကြေးရေးကုမ္ပဏီလီမိတက်တစ်ခု ဖြစ်ပါသည်။

အခက်အခဲမရှိ ချေးငွေရယူနိုင်ခြင်း။
- ဓာတ်ပုံ(သို့) မိတ္တူပေးရန် မလိုခြင်း။
- အာမခံပစ္စည်း မလိုအပ်ခြင်း။
- အပတ်စဉ်၊ လစဉ် အစည်းအဝေးပွဲများအား တက်ရောက်ရန် မလိုခြင်း။

ပွင့်လင်းမြင်သာသော စနစ်။
- အပိုဆောင်းကုန်ကျငွေ ပေးရန်မလိုခြင်း။
- အသုံးပြုရ ရိုးရှင်းလွယ်ကူခြင်း။
- စီးပွားရေးလိုအပ်ချက်နှင့် အညီ ပြန်လည်ပေးဆပ်နိုင်သော ငွေကြေးပမာဏများ ဖြစ်စေရန် စီစဉ်ထားရှိခြင်း။

လျင်မြန်စွာ ချေးငွေ ရရှိနိုင်ခြင်း။
ချေးငွေ အများစုကို လျှောက်ထားပြီး ၃ရက်မှ ၅ရက်အတွင်း ရရှိနိုင်ပါသည်။

အကောင်းဆုံးသော ဝန်ဆောင်မှု။
ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ဝန်ထမ်းများမှ လွယ်ကူလျင်မြန်စွာ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
ချေးငွေအရေအတွက်ပေါင်း ၆၃၀,၀၀၀ ကျော်နှင့် ချေးငွေကျပ် ၂၈၅ ဘီလီယံကျော်
လုပ်ငန်းစတင်ခဲ့သည့်အချိန်မှစ၍ အတည်ပြုပြီးခဲ့သော ချေးငွေများ
ပြည်နယ် ၇ ခု
လက်ရှိအသင်းသားပေါင်း ၇၀,၀၀၀ ကျော်
ရုံးခွဲ ၂၂ ရုံး
ဝန်ထမ်းပေါင်း (၃၅၀) ကျော်
၀န်ဆောင်မှု ရယူကြသူများ
ကျွန်ုပ်တို့၏ အသင်းသားများသည် စိတ်အားထက်သန်ပြီး အလုပ်ကြိုးစားသော အသေးစားလုပ်ငန်းရှင်များဖြစ်ကြပြီး စိန်ခေါ်မှုများကြားမှ အောင်မြင်မှုကို ရယူကြသူများ ဖြစ်ကြသည်။ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် အဆိုပါ လုပ်ငန်းရှင်များ၏ စိတ်ကူးအိပ်မက်များနှင့် ပိုမိုကောင်းမွန်သော အနာဂတ်များ ဖန်တီးပုံဖော်ရာတွင် ကူညီပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုရရှိထားသည့် ဒေါ်ခင်ခင်ဝင်းအကြောင်းကို ဤနေရာတွင် ကြည့်ရှုနိုင်သည်။
ကျွန်ုပ်တို့၏ ချေးငွေဝန်ဆောင်မှုများ
သင့်လိုအပ်ချက်များနှင့် ကိုက်ညီသော ချေးငွေဝန်ဆောင်မှုများ
အဖွဲ့လိုက်ချေးငွေ ဝန်ဆောင်မှု
ချေးငွေပမာဏ
အဖွဲ့ဝင်တစ်ဦးလျှင်(၁၀၀,၀၀၀) ကျပ် မှ ကျပ် (၁,၀၀၀,၀၀၀) အထိ
ချေးငွေကာလ
၆ လ ၊ ၉ လ (သို့) ၁၂ လ
အဖွဲ့ဝင် အရေအတွက်
၅ယောက်မှ ၁၀ယောက်အထိ
ပြန်လည်ပေးသွင်းရမည့်ပုံစံ
လစဉ်အရစ်ကျပေးချေသည့်စနစ်
ချေးငွေဝန်ဆောင်မှုစရိတ်
ချေးငွေကာလ ပေါ်မူတည်၍ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်းအထိ
အတိုးနှုန်း
ပေးသွင်းရန်ကျန်သည့်ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်း
မဖြစ်မနေစုရမည့် စုငွေ
မဖြစ်မနေစုရမည့် စုငွေမှာ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ (၅) ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း(၁၄)ရာခိုင်နှုန်းပြန်ရမည်ဖြစ်သည်။
အသေးစိတ်သိရှိစေရန်
တစ်ဦးချင်းချေးငွေ ဝန်ဆောင်မှု
ချေးငွေပမာဏ
(၁,၀၀၀,၀၀၀) ကျပ် မှ ကျပ် (၁၀,၀၀၀,၀၀၀) အထိ
ချေးငွေကာလ
(၆) လ မှ (၂၄) လ
အာမခံသူ
အာမခံပေးမည့် ကိုယ်စားလှယ်သည် လုံလောက်သည့် ဝင်ငွေရှိသူ ဖြစ်ရမည်။
ပြန်လည်ပေးသွင်းရမည့်ပုံစံ
လစဉ်အရစ်ကျပေးချေသည့်စနစ်
ချေးငွေဝန်ဆောင်မှုစရိတ်
ချေးငွေကာလ ပေါ်မူတည်၍ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ ၁ ရာခိုင်နှုန်း မှ ၄ ရာခိုင်နှုန်းအထိ
အတိုးနှုန်း
ပေးသွင်းရန်ကျန်သည့်ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်း
မဖြစ်မနေစုရမည့် စုငွေ
မဖြစ်မနေစုရမည့် စုငွေမှာ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ (၅) ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း(၁၄)ရာခိုင်နှုန်းပြန်ရမည်ဖြစ်သည်။
အသေးစိတ်သိရှိစေရန်
စိုက်ပျိုးရေးချေးငွေ ဝန်ဆောင်မှု
ချေးငွေပမာဏ
အဖွဲ့ဝင်တစ်ဦးလျှင်(၃၀၀,၀၀၀) ကျပ် မှ ကျပ် (၅,၀၀၀,၀၀၀) အထိ
ချေးငွေကာလ
(၃) လ မှ (၁၂) လ
အဖွဲ့ဝင် အရေအတွက်
၃ ယောက်မှ ၅ ယောက်အထိ
ပြန်လည်ပေးသွင်းရမည့်ပုံစံ
သီးနှံစက်ဝန်းနှင့် လိုက်လျောညီထွေဖြစ်သည့် ချေးငွေပြန်လည်ပေးသွင်းမှုစနစ်
ချေးငွေဝန်ဆောင်မှုစရိတ်
ချေးငွေကာလ ပေါ်မူတည်၍ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ ၀.၅ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်းအထိ
အတိုးနှုန်း
ပေးသွင်းရန်ကျန်သည့်ချေးငွေ၏ (၂.၃၃) ရာခိုင်နှုန်း
မဖြစ်မနေစုရမည့် စုငွေ
မဖြစ်မနေစုရမည့် စုငွေမှာ ကနဦး ထုတ်ယူခဲ့သော ချေးငွေပမာဏ၏ (၅) ရာခိုင်နှုန်းဖြစ်ပြီး တစ်နှစ်လျှင်အတိုးနှုန်း(၁၄)ရာခိုင်နှုန်းပြန်ရမည်ဖြစ်သည်။
အသေးစိတ်သိရှိစေရန်
အီးဇီးချေးငွေများကို ပါတနာများမှတစ်ဆင့် ပြန်လည်ပေးသွင်းနိုင်ပါပြီ။
ကျွန်ုပ်တို့၏အစုရှယ်ယာဝင်များ
အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်းသည် မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ (၁၄.၂) သန်းဖြင့် မြန်မာ နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုအကောင်းဆုံးသော အသေးစားငွေရေးကြေးရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင် ဖြစ်ပါ သည်။ အီးဇီးအသေးစားငွေရေးကြေးရေးလုပ်ငန်း ၏ အစုရှယ်ယာများကို စင်ကာပူနိုင်ငံအခြေစိုက် MC Projects Limited မှ ပိုင်ဆိုင်ပါသည်။
MC Projects Limited
MC Projects Limited သည် ၂၀၁၄ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော ပုဂ္ဂလိကလုပ်ငန်းစု တစ်ခုဖြစ်ပြီး ကုမ္ပဏီ မှတ်ပုံတင်အမှတ် 201418619E ဖြင့် 80 Robinson Road, #02-00, SINGAPORE နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
MC Projects Limited သည် အရှေ့တောင်အာရှဒေသရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်လျှက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်ပြီး လုပ်ငန်းခွဲအဖွဲ့အစည်းများအား Consultancy Services များပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
လုပ်ငန်း မူဝါဒများ
အကူအညီလိုအပ်နေပါသလား?
လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်
မေးခွန်းများအတွက်
အကယ်၍ သင့်မှာ အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်းအကြောင်း(သို့မဟုတ်) ချေးငွေဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက ဤနေရာကိုကလစ်နှိပ်၍ အနီးစပ်ဆုံး ရုံးခွဲကိုရှာဖွေ၍သော်လည်းကောင်း၊ ဖုန်းခေါ်၍သော်လည်းကောင်း၊ အီးမေးလ်ပို့၍သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အသင်းသား ဝန်ဆောင်မှုများကြည့်ရန်
အဆင်မပြေမှုများအတွက်
အီးဇီး အသေးစားငွေရေးကြေးရေးလုပ်ငန်း သည်အသင်းသားများ၏ ပြဿနာ၊ အခက်အခဲများ၊ တိုင်ကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိပြီး ဖြေရှင်းပေးနိုင်ရန် စီစဉ်ထားပါသည်။ အဆင်မပြေမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာဌာနရှိ ဝန်ထမ်းများမှ တိုင်ကြားမှုအချက်အလက်များကို စုစည်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ပြီး အသင်းသား၏ တိုင်ကြားမှုများကို တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ပါသည်။
အဆင်မပြေမှုများအတွက်
မေးလေ့ရှိသောမေးခွန်းများ
ကျွန်ုပ်တို့ဆီသို့ မမေးမြန်းခင် သင်မေးချင်သောမေးခွန်းရဲ့ အဖြေကို ကျွန်ုပ်တို့ဘက်မှ ဖြေဆိုပေးထားပြီးခြင်း ရှိ၊ မရှိကို စစ်ဆေးကြည့်ပါ။